Chapter...27

60.5K 4.1K 186
                                    

ရွာတွေရဲ့ဓလေ့ထုံးစံအတိုင်းမနက်စောစော
အိပ်ရာထကြပြီးအလုပ်ကိုယ်စီတာဝန်ယူလုပ်
ကြတာကြောင့် အိပ်ရာပေါ်မှ ခတ္တာနိုးထလိုက်
ရပေမဲ့ ဘေးနားကအကိုလေးကတော့ခြေပစ်
လက်ပစ်အနှောက်အယှက်မရှိစွာ စိတ်အေး
လက်အေးအိပ်နေလေရဲ့။အင်္ကျီအဝတ်အစား
မရှိ ဗလာကျင်းစွာနဲ့ အိပ်နေပုံက ညကဘယ်
လောက်ကြမ်းထားလဲဆိုတာသက်သေပင်။
ကြည့်ပါလား ခန္ဓာကိုယ်မှာအဝတ်ပင်မကပ်
နိင်အောင်တော်တော်ပင်ပန်းသွားရှာတာ။

စောင်ပါးလေးကို အကိုလေးပေါ်ခြုံပေးလိုက်
ပြီးထမင်းဟင်းချက်ရမဲ့တာဝန်ဝတ္တာရားကြောင့်ခြင်ထောင်စလေးကိုအသာလှစ်ဟာ
ပြီးထွက်လိုက်၏။ စောင်မခြုံပေးခဲ့လို့မရ
ကိုယ့်လင်အကြောင်းကိုယ်သိသည်။ လူက
အိပ်သာနေသာ လ္းကတော့မိုးကိုထိုးနေ
တော့တာဘဲ အင်္ကျီကလည်းအဝတ်အစားမရှိ
ဗလာကျင်းဆိုတော့ အမေတို့များအိမ်ပေါ်
တတ်ပြီးအိမ်နောက်ဘေးခဏဝင်လာချိန်ခြင်
ထောင်ဘေးကဖြတ်သွားရင်ဖြင့် မမြင်သင့်
တာမြင်သွားရစိုးရလေ၏။

ညကအကိုလေးမစားလိုက်ရတဲ့ဝက်သားဟင်းလေးကိုပြန်နွေးပြီးထမင်းအိုးလေးတည်
လိုက်၏။ မောင်က ဝက်သားစားချင်တယ်လို့
ပြောနေရှာတာ အခုတော့မောင်စားချင်တာ
လေးချက်ကျွေးရတာမို့ ပြုံးစစလေးဖြင့်သ
ဘောကျနေမိလေ၏။

ဦးလေးအောင်မောင်းဝက်သားပေါ်တယ်ဆို
တယ်ဆိုတာနဲ့သူမှာအပြေးသွားဝယ်ရတာ
လမ်းမှာချော်လဲတဲ့အထိ။ဒါပေမဲ့မမူအား ကိုယ်လင်စားချင်တာလေးစားရပါစေဆိုတဲ့
စေတနာဂရုဏာစိတ်တွေကြောင့် ချော်လဲတာ
ဂရုစိုက်ဖို့ဆိုတာဝေးလာဝေး။

သူကိုယ်တိုင်လည်း တစ်ကိုယ်လုံးကိုက်ခဲနာ
ကျင်ကာ ထိုင်ချလိုက်တိုင်းအောက်ပိုင်းက
ကျိန်းစက်နေလောက်အောင်ဖြစ်နေကာ ဗိုက်
ထဲကအောင့်သက်သက်ခံစားမူကြောင့် အင့်ခ
နဲ့ထိ ညည်းမိရသည့်အထိ။

ထမင်းအိုးလေးတည်နေရင်းအိမ်ရှေ့ကအ
တင်းတုတ်နေတဲ့စကားဝိုင်းလေးဆီသို့ထွက်
လာခဲ့လိုက်၏။

"သြော် အမခင်ထားရောက်နေတာနဲ့အတော်
ဘဲ အကိုကျော်အေးလုပ်ပုံကကောင်းသေးရဲ့
လားဗျာ"

မူယာနွဲ့ဟန်ချီ [ Complete] Where stories live. Discover now