Chapter...7

77.1K 5.5K 800
                                    

ခြံဝိုင်းထဲသို့အရက်မူးမူးသောအရှိန်ဖြင့်ဝင်
လာသော ဖိုးဇော်သို့ ခြံဝိုင်းထဲမှလူများရဲ့
အကြည့်ကဝိုင်းပြုံလျက်။ အနောက်မှ ပြသ
နာတွေဖြစ်ကြတော့မည်ဆိုပြီး စိုးရိမ်မျက်လုံး
လေးတွေနဲ့ တားမြစ်အော်ဟစ်နေရင်း ဝင်လာ
ကြတဲ့ ဖိုးဇော်အမေနဲ့ အရီးလေးခင်သောင်း
က အားနာရိပ်ကလေးတွေနှင့်ပေါ့။

သို့ပေမဲ့ အရီးလေးခင်သောင်းကတော့ သူတူ
ကိုမယူတဲ့အတွက် ခံပေဦးဆိုတဲ့အကြည့်နှင့်
ကြည့်လေသည်။ ဖိုးဇော်ဆိုသည်မှာလည်း
အရက်ဂျိုးကပ်နေတဲ့သူဖြစ်ပြီး မိဘတွေရဲ့
လယ်ယာမှာ ဟိုကန်တင်းလေးမြေပေါက်ပေး
လိုက် ဒီကန်တင်းလေးမြေပေါက်ပေးလိုက်နှင့်
လုပ်ခဆိုပြီးမိဘဆီကပြန်တောင်းပြီး လက်
ကြောတင်းအောင်အလုပ်မဲလုပ်ပဲ အရက်
သောက်ဖို့ပဲ အူးယားဖားယားဖြစ်နေတဲ့အ
လေနက်တောလိုကောင်မျိုး။ စောက်လုပ်သာ
မလုပ်ချင်တာ အလှလေးဖြစ်တဲ့ခတ္တာကိုလို
ချင်တာမှတပိုင်းကိုသေလို့။ ခတ္တာကိုများယူ
ပြီးရင် အရက်ရောင်းပြီးရှာကျွေးမယ်ဆိုပြီး
အရက်နဲ့လင်မယားတော်နေတဲ့သူပေါ့။

အရီးလေးခင်သောင်းကလည်း ဒီလိုမျိုးအ
ရက်သမားကိုမှ ခတ္တာနဲ့သဘောတူတတ်သည်
ဟုအကြောင်းသိသူများကနှာခေါင်းရှုံကြလေ
သည်။ သို့သော်လည်း ကိုယ့်ထက်အသက်
ကြီး ဝါရင့်တဲ့သူဆိုတော့လည်းအငြင်းအခုန်
လုပ်၍ပြောမနေကြ။အရပ်စကားအရပ်မှာဘဲ
ပြီးဆိုသလိုသဘောထားကြလေသည်။

ဖိုးဇော်မှာလည်း သူခြွေမည့်ပန်းလေးကိုတစ်
ပါးသူကယူသွားသည်ဆိုသောကြောင့်အသည်းကိုကျွဲခတ်သလို ရူးခါမတတ်ဖြစ်ပြီး ခတ္တာ
လေးတို့ခြံဝိုင်းထဲဝင်လာကာ လူမိုက်လာလုပ်
ခြင်းဖြစ်လေသည်။တနေ့တနေ့အရက်
သောက်ပြီး မူးရူးဆဲဆိုနေတဲ့သူကိုအဖတ်မ
လုပ်ဘဲနေခြင်းက သူ့ကိုယ်သူငါကိုဘယ်သူမှ
မပြောရဲမဆိုရဲကြတာပဲဟုသတ်မှတ်ပြီးစိတ်
ကူးယဥ်လူမိုက်လုပ်နေခြင်းဖြစ်လေသည်။

သို့ပေမဲ့ရက်စက်ပြီးလက်မရွံလူသတ်တတ်တဲ့
တပည်တွေကိုမှ အုပ်ချုပ်ပြီးနှုတ်သီးဖြတ်ရိုက်
လာခဲ့တဲ့ သရဝဏ်ထွဋ်ခေါင် ဆိုတဲ့လူရှေ့မှာ
မှ ကျားရှေ့မှောက်ရက်လဲတော့မည်ဆိုတာကို
တော့သူ့အခြေအနေသူမရိပ်မိချေ။

မူယာနွဲ့ဟန်ချီ [ Complete] Where stories live. Discover now