Chapter...39

66.7K 4.3K 229
                                    

ခွဲစိတ်ခန်းရှေ့မှာ ရပ်စောင့်နေရင်း ရင်ထဲအပူ
တပြင်းဖြစ်နေတဲ့ ခံစားမူက ဘယ်အရာမှခိုင်း
နိူင်းပြလို့မရအောင် ပူလောင်လှ၏။

ငယ်ငယ် ကိုဆုံးရှုံးမခံနိင်တဲ့စိတ်ကော ရင်သွေးလေးကို လက်လွှတ်လိုက်ရတော့မ
လားလို့ စိုးရိမ်မိတဲ့စိတ်တွေကြောင့် ဂနာမငြိမ်
ပဲ ထိုင်ရမလို ၊ ထရမလိုနှင့် ဘာလုပ်လို့လုပ်ရ
မှန်းမသိ...အတွေးထဲ ငယ်ငယ်သူ့အနား
ကောင်းမွန်စွာ ပြန်ရောက်လာဖို့သာ ကြီးစိုးနေ
လေသည်။ မျက်ရည်တွေကလည်း ထပ်ကျစ
ရာပင်မရှိတော့။

"လူနာရှင် ရှိလားရှင့်"

"ကျွန်တော်ပါ ကျွန်တော်ကသူ့အမျိုးသားပါ
ငယ်ငယ် ဘာမှမဖြစ်ဘူးမလား ပြောပါ"

"လူနာက သွေးအရမ်းသွန်ပြီး သတိလစ်သွား
တာပါ...အခုသက်သာအောင်လုပ်ပြီးပါပြီ...
မစိုးရိမ်ပါနဲ့"

"တကယ်လား ငယ်ငယ်တကယ်ဘာမှမဖြစ်
ဘူးပေါ့....ကျုပ်ငယ်ငယ် မစိုးရိမ်ရတော့ဘူး
ပေါ့နော်....ကျုပ်ရင်သွေးလေးကော ငယ်ငယ်
ဗိုက်ထဲက ကလေးလေး ဘာမှမဖြစ်ဘူးမလား
ပြော....ခင်ဗျားပြော"

ဆရာဝန်ပြောစကားကြောင့် ငယ်ငယ် သူ့အ
နားကနေ ထွက်ခွာသွားမှာမဟုတ်ဟုသိလိုက်
ရသောကြောင့် အတိုင်းမသိ ဝမ်းသာမိလေ၏
မောင့် ငယ်ငယ်က ခက်ခဲတဲ့အခြေအနေကြီး
တစ်ခုကို သတ္တိရှိရှိ ကျော်ဖြတ်ခဲ့တာပဲ။

ရင်သွေးလေးရဲ့အခြေအနေကိုလည်းသိချင်
တဲ့စိတ်က ကြီးစိုးနေတာမို့ ဒေါသတွေတောင်
ထွက်လာရ၏။ ငယ်ငယ်က မောင့်ရဲ့ကလေး
လေးဆိုပြီး ဘယ်လောက်ချစ်လဲဆိုတာသူအ
သိဆုံး...ဗိုက်ပူလေးနဲ မောင်ရင်သွေးလေးကို
မချစ်ဘူးလားဟင် လို့မေးတုန်းက မျှော်လင့်
တကြီးနဲ့ ချစ်ပေးပါနော်လို့ သက်ရောက်တဲ့အ
ကြည့်လေးတွေကို အခုထိမေ့မရနိင်။

"ဗိုက်ထဲက ကလေးလည်းကျန်းမာပါတယ်
ကံကောင်းတယ်လို့ပြောရမယ် ကလေးက
ထိခိုက်မူမရှိလို့....လူဖြစ်ရမဲ့ကံလည်းပါလို့
နေမယ်"

"ဒါဆို ငယ်ငယ်ကော ကျုပ်ရင်သွေးလေး
ကော ထိခိုက်မူမရှိဘူးပေါ့ ကျုပ်အမျိုးသားနဲ့
အခုတွေ့ချင်တယ် အခုချက်ချင်း"

မူယာနွဲ့ဟန်ချီ [ Complete] Where stories live. Discover now