Chapter...35

63.8K 4.1K 78
                                    

စာကြည့်ခန်းပြတင်းပေါက်ကနေ အပြင်ဘက်
ရှုခင်းဆီသို့ တစိမ့်စိမ့်လှမ်းငေးရင်း သက်ပြင်း
ရှိုက်လိုက်လေ၏။

အမှန်ဆို သူ့အပိုင်ကိုမထိခင် ဖြစ်လာမည့်အ
ကျိုးဆက်ကိုစဥ်းစားတတ်ခဲ့ရမှာ အခုလိုဖြစ်
လာမည်ကိုစိတ်မကောင်းဖြစ်တာမျိုး နည်း
နည်းလေးတောင်မဖြစ်မိ...သူပြင်ဆင်ထား
သည့်အရာအတွက်တောင်ရင်ခုန်နေမိသေး
တာ။

"Boss ခေါ်ခိုင်းတဲ့သူတွေရောက်လာပါပြီ"

ဟုပြောလိုက်လေစဥ် အသိအမှတ်ပြုတဲ့သ
ဘောအနေနဲ့ ဝင်လာခိုင်းရန် ပြန်ခေါင်းငြိမ့်ပြ
လိုက်လေသည်။

စာကြည့်ခန်းလည်းဖြစ်သလို သူ့ရဲ့အလုပ်ခန်း
တစ်ခုလည်းဖြစ်တာကြောင့် သူစိမ်းတစ်ရံ
မည်သူကိုမျှဝင်ထွက်ခွင့်မပြုထားပေ...အရေး
ကြီးကိစ္စဆောင်ရွက်မည့်အခြေအနေပေါ်မူ
တည်ပြီးလျို့ဝှက်စေခိုင်းမည်ဆိုရင်သာ တွေ့
ဆုံစေခိုင်းရန် အဝင်ခံတာမျိုး..။

"ကျွန်မတို့ကို ဘာခိုင်းစရာရှိလို့လဲရှင့်"

အစေခံကောင်မလေးနှစ်ယောက်ရဲ့အမေးကို
တုန့်ပြန့်ခြင်းမပြုသေးဘဲ စားပွဲပေါ်သို့ ဆေး
ထုတ်ဟုယူဆရသော အထုတ်တစ်ထုတ်ကို
ပစ်ပေးလိုက်လေသည်။

"ဒါ...ဒါက"

သူပစ်ပေးလိုက်တဲ့ ဆေးထုတ်ဖြစ်ဟန်တူ
သည့်အရာကိုကြည့်ပြီး အစေခံမလေးတွေက
လည်း ဘာများပါလိမ့်ဟု သိချင်စိတ်ဇောကြီး
နေကြလေသည်။ ဒီထိ မည်သူမှမသိအောင်
ခေါ်ခိုင်းလိုက်သည်ဆိုတည်းက တစ်ခုခုခိုင်း
စေဖို့ဘဲဆိုတာသိထားကြသည့်ပုံပင်။

"ငါအခုလို ဘယ်သူမှမသိအောင် ခေါ်ခိုင်း
လိုက်တည်းက တခြားဘယ်သူမှမရိပ်မိ
အောင်လုပ်ရမဲ့တာဝန်တစ်ခုရှိလို့ဘဲဆိုတာ
သိပြီးမှာပေါ့ "

"ဟုတ်ကဲ့ ဒါပေမဲ့ ဒီဟာနဲ့ကဘာများ"

"မဒီဆိုတဲ့မိန်းမစားမဲ့အစားအသောက်မှန်သ
မျှထဲကို ဒီဆေးမှုန့်ထဲက ဆေးပမာဏအနည်း
ငယ်ဆီထည့်ပြီးကျွေးရမယ် မှတ်ထားဖို့က
သူအပြင် တခြားဘယ်သူမှမရိပ်မိစေနဲ့"

"ဟုတ်ကဲ့ သိပါပြီ"

စကားရှည်ဝေးစွာမပြောတတ်သူမို့ အရိပ်ပြ
ရင်အကောင်မြင်တတ်တဲ့ အစေခံမလေးနှစ်
ယောက်ကလည်း နာခံစွာပင် ဆေးထုတ်လေး
ကိုယူကာ ဖွက်ပြီးအပြင်သို့ပြန်ထွက်သွားကြ
လေသည်။

မူယာနွဲ့ဟန်ချီ [ Complete] Where stories live. Discover now