Chapter...11⚠

93.9K 5.2K 538
                                    

အကိုလေးပြောတဲ့စကားတွေကခတ္တာရဲ့စိတ်
ထဲ လှိုင်းစီးရသလို လှိုက်ရင်ဖိုရလေသည်။
ရင်ခုန်မှုတွေကလည်း ဝုန်းဒိုင်းကြဲလျက်
အကိုလေးကသိပ်ကိုဆိုးတာပါဘဲ။ပါးနှစ်ဖက်
ကလည်းနီမြန်းလျက် ထိုနေရာမှာအငွေ့ပျံ
သွားချင်လောက်အောင် ရှက်သည်းပိုမိလေ
သည်။

"အကိုလေးက ကျုပ်ကိုဘာတွေပြောနေမှန်း
မသိဘူးဗျာ ကျုပ်ရှက်နေမိသလိုဘဲ"

"ရှက်မှာပေါ့ ငယ်ငယ်ကိုချစ်တဲ့အကြောင်း
တွေပြောနေတာလေ မောင့်ကိုပြန်ချစ်နိင်မ
လားကွယ်"

"ဟို ကျုပ်မသိတော့ဘူးချစ်ရင်ဘယ်လိုနေရ
မှန်းလဲမသိသေးဘူးရယ်"

"အဲ့ဒါဆို မောင်ချစ်တာဘဲခံလိုက်နော် ခံမယ်
မလားငယ်ငယ်"

"အကိုလေးကကျုပ်ကိုတကယ်ချစ်လို့လား
မလွှဲသာလို့လက်ခံရတာမှတ်လား"

"မဟုတ်တာငယ်ငယ် မောင့်အချစ်ကတမာ
တွေချိုတောင်ပျောက်ပျက်မသွားပါဘူးအ
ချစ်ရယ်"

အပျိုပေါက်စလေးကရည်းစားစကားအပြော
ခံရလို့ ရှက်သွေးဖြာနေသလို ဂုတ်လောက်ရှိ
တဲ့ဆံနွယ်လေးတွေကိုနားမှာညှပ်ပြီးခေါင်း
လေးငုပ်ကာ မျက်လွှာလေးချထားလိုက်တာ
များငုံထားမတတ်ချစ်ရပါတယ်ကွယ်။

"ငယ်ငယ်အတွက် မောင်ပန်းတွေခူးလာခဲ့
တယ်"

သူ့ကိုကမ်းလှမ်းကာပေးလာတဲ့တောပန်းလေး
တွေနဲ့နေကြာပန်းတွေကိုမြင်လိုက်ရလေသည်
အို...သိပ်ကိုလှတဲ့တောရိုင်းပန်းလေးတွေရယ်

"တောပန်းလေးတွေနဲ့နေကြာပန်းလေးတွေဘဲ
လှလိုက်တာ ငယ်ငယ်အတွက်ပေါ့နော်"

"ငယ်ငယ်ပန်လိုက်ရင် ပိုပြီးအသက်ဝင်နိင်
ကောင်းရဲ့ မောင်ပန်ပေးမယ်"

အဝါရောင်တောပန်းလေးကိုငယ်ငယ်ရဲ့နား
ကြားလေးထဲညှပ်ပြီးပန်ပေးလိုက်လေသည်။
သိပ်ကိုကဗျာဆန်တဲ့ အသက်ဝင်လှတဲ့ပန်းချီ
ကားတစ်ချပ်လို့ဘဲ..။

ငယ်ငယ် မင်းသိပ်လှတယ်ကွယ်။

"အို ငယ်ငယ်ကမိန်းကလေးမဟုတ်တော့ပန်
လို့ရပါ့မလား အကိုလေးရယ်"

မူယာနွဲ့ဟန်ချီ [ Complete] Where stories live. Discover now