Chapter...4

82.3K 5.6K 1K
                                    

အမေပြောတဲ့စကားအဆုံးမှာ ခတ္တာအံ့သြဆွံ
အမိလေပြီ။ အကိုလေးကလည်း ဒါကိုသ
ဘောတူတယ်တဲ့လား ဘာတွေဖြစ်ကုန်တာ
လဲ။ဘေးနားကလူကြီးကလည်း ရုပ်တည်ကြီး
နဲ့အမေကို မေမေလို့တောင်ခေါ်လိုက်သေး
ဒီလူကြီးတော်တော်အတင့်ရဲတာဘဲ။

သရဝဏ်ထွဋ်ခေါင် မှာတော့ လူမိုက်ခေါင်း
ဆောင်ဆိုတဲ့နာမည်အတိုင်း ရက်စက်တတ်
သွေးအေးလွန်းပြီး အတိုက်အခိုက်အသတ်အ
ပုတ်နဲ့ဘဲလုံးပန်းခဲ့ပေမဲ့ ဒီနေရာမှာတွင်တော့
လက်သွက်လိုက်လေခြင်း။ စ်ိတ်ထဲမှာလည်း
ဒီရွာသားအဖြစ်ပါခံယူဖို့တွေးနေလေပြီ။

"အကိုလေး ဘာတွေပြောနေတာလဲ အဲ့လိုမ
ပြောရဘူးလေ ရှင်းပြလိုက်ဦးလေ ခက်တော့
တာဘဲ"

"ဟဲ့အခုမှ ကြောင်တောင်တောင်တွေလုပ်မနေ
နဲ့ လင်ကဖြင့်အိမ်ထိပါလာပြီ ချစ်သူရှိနေ
လည်း ပြောရောပေါ့အဖေရယ် ကျွန်မပေး
စားမှာပေါ​့ အခုတော့ခိုးပြေးရတယ်လို့"

"ဟုတ်ပါ့အရီးလေးရယ် ကျုပ်တို့ကိုတောင်
လျို့ဝှက်ထားတာ ဧကန္တအစောတည်းကခိုး
ပြေးဖို့လုပ်ထားတာဘဲဖြစ်ရမယ်"

"အဲ့လိုမဟုတ်ဘူးလေ အကိုလေး ပြော ပြော
ဦးလေ"

ဘေးနားက အကောင်ပေါက်စလေးကသူအား
အားကိုးတကြီးနဲ့ မဟုတ်မှန်ကြောင်းပြောရန်
မျက်လုံးဝိုင်းလေးတွေနဲ့ မျှော်လင့်တကြီး
စစ်ကူတောင်းနေလေသည်။ ထိုပုံစံလေးက
ပင်သိပ်ကိုချစ်စရာကောင်းလှပေသည်။

"မောင် တာဝန်ယူမှာမို့ စိတ်မပူပါနဲ့ ချစ်ယော
ကျ်ားလေးရယ်"

"ဟင် "

ခတ္တာလေးမှာတော့ မျက်လုံးဝိုင်းလေးတွေမှာ
ပင်ပို၍ ဝိုင်းကျယ်ပြူးစက်သွားသည်အထိ။
အကိုလေးဒဏ်ရာက ဗိုက်မှာတင်မဟုတ်ဘဲ
ခေါင်းပါထိသွားတာလား။ ပြသနာဘဲ အမေ
ကတကယ်ထင်ပြီး ပေးစားရင်ခက်တော့တာ
ဘဲ။

"အမေလို့"

"အမေတွေမလုပ်မနေနဲ့ မနက်ဖြန်ရွာကလူ
ကြီးတွေရှေ့ ပေးစားမယ် မျက်နှာအိုးမဲသုတ်
ဖို့တော့ ထပ်စိတ်မကူးနဲ့ အိမ့်ထောင့်က တံ
မြက်စည်းရိုးကိုတွေ့တယ်မလား"

မူယာနွဲ့ဟန်ချီ [ Complete] Where stories live. Discover now