Chapter...19

63.4K 4.4K 150
                                    

သရဲအရမ်းကြောက်တတ်တဲ့ခတ္တာမှာတော့
မအိပ်ခင် သရဲအကြောင်းကြားလိုက်ရတာနဲ့
တင်အဖျားတတ်ချင်သလိုဖြစ်နေလေပြီ။

ယောက္ခမကြီးကတော့ပြောပါတယ်..ခတ္တာက
သရဲအရမ်းကြောက်တာတဲ့။သူကြောက်ပြီဆို
လည်းအနားရှိတဲ့လူအငြိမ်မနေရဘူးတဲ့လေ။
ငယ်ငယ်က ယောက္ခမကြီးပြောသလောက်
လည်းဆိုးမယ်မထင်ပါဘူး။ကြည့်ပါလားအ
နားအရမ်းကပ်နေတာလေးကိုကချစ်စရာ
သူ့အနေနဲ့ကတော့သူ့အနားကပ်လေပိုကျေနပ်
လေဘဲ။

"မောင် ဟင့် ငယ်ငယ်ကိုဖက်အိပ်လို့"

အိပ်ဖို့အတွက်ခြင်ထောင်ထဲဝင်လိုက်သည်နှင့်
သူ့ရင်ခွင်ထဲကို ကြောင်ပေါက်စလေးလိုတိုး
ဝှေ့ဝင်လာပြီး အတင်းဖက်ထားတဲ့ငယ်ငယ်။
ပုံမှန်ဆို ငယ်ငယ်ကသူကိုစတင်ပြီးဖက်တယ်
သိပ်မရှိ၊ရင်ခုန်မူနဲ့စိတ်လှုပ်ရှားပျော်ရွှင်မှသာ
ငယ်ငယ်ကသူအနားကိုကပ်တာမျိုးလေ။

"မောင် မီးမငြိမ်းနဲ့နော် ငယ်ငယ်ကြောက်လို့"

အရင်နေ့တွေကအိပ်ပြီဆိုငြိမ်းသက်နေကျဆီ
မီးခွက်လေးကိုတောင် မှောင်မှာစိုးတာကြောင့်
မီးငြိမ်းခွင့်မပေးချေ။

"မောင်ကလည်း ငယ်ငယ်ကိုဖက်ထားပါဆို
နေမှကွာ"

လက်မောင်းကြားအတင်းဝင်ပြီးခေါင်းအုံး
ကာ သူ့ဘက်ကိုအတင်းဆွဲလှည့်ပြီးဖက်ခိုင်း
နေတဲ့ငယ်ငယ်က မွေးကင်းစကလေးလေး
လိုပင်။

"မောင်ဖက်ထားတယ်လေငယ်ငယ်"

"လက်နှစ်ဖက်နဲ့ဖက်စမ်းပါ ငယ်ငယ်ဘက်ကို
လှည့်လို့ ဘာလို့ပက်လက်ကြီးနေနေတာလဲ"

အရင်ကဆို သူစိတ်ပါမှမောင်လို့ခေါ်တဲ့
ငယ်ငယ်က အခုတော့မောင်ချင်းကိုထပ်နေ
တော့တာဘဲ။ သရဝဏ်ထွဋ်ခေါင် ကတော့
ပြုံးပြုံးကြီးဖြစ်နေတော့တာပေါ့။

"ငယ်ငယ်ရယ် ဘာတွေကြောက်နေတာလဲ
မောင်ရှိနေသားနဲ့ကွယ်"

"ကျုပ်ကသရဲဆိုအရမ်းကြောက်တာမောင်ရဲ့
ငယ်ငယ်ဘက်လှည့်အိပ်ပေးစမ်းပါမောင်ရယ်
စိတ်ရှိလက်ရှိဖက်ပစ်လိုက်စမ်းပါ"

"အင်းဒီလိုဆိုတော့လည်း"

ငယ်ငယ်ဘက်ကိုလှည့်ပြီးရင်ခွင်ထဲတိုးဖက်
လိုက်သလို လက်နှစ်ဖက်နှင့်သိမ်းကျုံးတင်း
နေအောင်ဆွဲဖက်ထားလိုက်လေသည်။

မူယာနွဲ့ဟန်ချီ [ Complete] Where stories live. Discover now