Chapter...30

59.2K 3.9K 116
                                    

"ခေါင် အိပ်ရာကနိုးလာပြီလား မဒီလေ ခေါင်
အလုပ်မသွားခင်မနက်စာလေးစားသွားချင်
လို့ အပင်ပန်းခံပြီးပြင်ဆင်ထားတယ် စားသွား
မယ်မလားဟင်"

အိမ်အပေါ်ထပ်ကနေဆင်းလာတဲ့ သရဝဏ်
ထွဋ်ခေါင်အနားသို့ ကြွကြွရွရွလေးလျှောက်
သွားကာ ကနွဲ့ကယျဟန်လေးဖြင့် စကားဆို
လိုက်လေသည်။

မိန်းမသားတို့ရဲ့အလှတွေထက်ပိုအောင်ပြင်
ဆင်ခြယ်မှုန်းထားတဲ့ မဒီကို မျက်ခုံးတွေတွန့်
ချိုးတဲ့အထိ မျက်မှောင်ကုတ်ကာကြည့်လိုက်
ပြီး မျက်ဝန်းများကလည်းအေးစက်သောအ
ကြည့်စိမ်းစိမ်းတွေဖြင့်သာ။

"မင်းကတော်တော်အားယားနေတဲ့မိန်းမဘဲ"

"အို ခေါင်ကလည်းကွာ မဒီကစိတ်ပါလက်ပါ
နဲ့ ခေါင်ကိုစားစေချင်လို့ပါ စေတနာကိုတော့
အသိအမှတ်ပြုပေးသင့်ပါတယ်"

သူအနေနဲ့ ထိုမိန်းမရဲ့အပြုအမူအပြောအဆို
တွေကိုနည်းနည်းလေးပင်မကြိုက်။ဘာလို့
တချိန်က သူမပစ်သွားတဲ့အချိန်မှာ တွေဝေ
စိတ်မောမိမှန်းတောင်စဥ်းစားလို့ပင်မရချေ။
ရဲတင်းစွာနဲ့ တွန့်ဆုတ်မသွားပုံက မဒီပီသလေ
၏။

"သမီးလေးက ပင်ပန်းခံပြီး သားစားဖို့ပြင်ဆင်
ပေးထားတာ မာမီတို့ကတောင်နည်းနည်း
လေးတောင်ကူခိုင်းတာမဟုတ်ဘူး မာမီကကူ
လုပ်ပေးမယ်ဆိုတောင် မကူပါနဲ့ သားမနက်
စာစားသွားစေချင်လို့ သူကိုယ်တိုင်ပြင်ပေး
ချင်လို့ပါတဲ့လေ အဟင်း သမီးမဒီကသိပ်လိမ်
မာသိတတ်တာသားရဲ့"

"အဲ့လောက်လိမ်မာနေတဲ့သူက အိမ်ထောင်
ကွဲတစ်ခုလတ်ဖြစ်သေးတယ်ပေါ့"

"ထွဋ်ခေါင် မင်းဘယ်လိုစကားပြောလိုက်တာ
လဲ မေနဲ့သမီးမဒီကိုအားနာဖို့ကောင်းတယ်
မဒီကမိန်းကလေး အခုလိုအစေခံတွေရှေ့
ပြောတာ ဘယ်လောက်ရှက်သွားလိမ့်မလဲ"

"အဖေက အဖေတစ်ယောက်ဆိုတဲ့ဂုဏ်ပုဒ်
ကြီးကိုလာချပြနေတာလား ဘယ်တုန်းက
အဖေတစ်ယောက်ရဲ့တာဝန်ကိုသိပ်ကျေပွန်
သွားတာလဲ အဖေရဲ့နံပါတ်5ယောက်မြောက်
မိန်းမနဲ့မယားပါသမီးအတွက်ကူရှက်ပေးမ
နေနဲ့ ကျွန်တော်အိမ်ကိုစောက်ရှက်မရှိလာနေ
နေတည်းကရှက်ကြောမရှိတော့တာ အဖေ
တောင် ကျွန်တော်ဘယ်နေ့နှင်ချမလဲဆိုတာ
စဥ်းစားထားလိုက်ဦး"

မူယာနွဲ့ဟန်ချီ [ Complete] Where stories live. Discover now