Chapter...17

68.4K 4.5K 190
                                    

အခုဆို ခတ္တာတို့ရဲ့အိမ်သစ်လေးဟာပြီးသွား
ပြီဖြစ်သလို ရွာကရွာသားတွေနဲ့ကာလသား
တွေကဝိုင်းကူဆောက်ပေးတာကြောင့်လည်း
အမြန်ပြီးသွားရခြင်းဖြစ်လေသည်။

ဒေါ်နှင်းမြကတော့သမက်နဲ့သားတို့နဲ့အတူ
တစ်အိမ်တည်းမနေရဲတော့ဘဲ ခတ္တာတို့နေမဲ့
အိမ်သစ်လေးရဲ့အရှေ့မှာဘဲတစ်ယောက်တည်းနေဖို့ တဲအိမ်လေးတစ်လုံးဆောက်ပြီးနေ
လေသည်။မဟုရင်သားမက်ဖြစ်သူသောင်း
ကျန်းတာနဲ့ဒီတခါအိမ်ပြိုရင် သူအသက်ထွက်
ဖို့ဘဲရှိတော့လေသည်။

ေန့လည်ဘက်မိန်းမတွေရဲ့အတင်းပြောရင်း
သန်းရှာကြတဲ့ဝိုင်းမှာ ခတ္တာကငုတ်တုတ်က
လေးဖြင့် သူတို့အတင်းတုတ်တာကိုနား
ထောင်နေလေသည်။

"အမလေးမပြောချင်ပါဘူးအဲ့မိန်းမကပြောရ
ဆိုရလက်ပေါက်ကပ်တယ် ဒါနဲ့ငါသိချင်တာ
ကလေ ခတ္တာရဲ့လင်က အိမ်ပြိုတဲ့ထိဆိုတော့
ဘယ်လိုအားအင်နဲ့များတုန်းငါတို့ကိုပြောစမ်း
ပါအုံး"

"ငါလည်းအဲ့ဒါသိချင်နေတာ ငါတို့ကိုပြောပြ
စမ်းပါ ငါတို့ကအိမ်ထောင်သည်တွေပေမဲ့
ဒါမျိုးဆိုအရမ်းနားထောင်ချင်တာ"

"ဟုတ်ပါ့အေ ငါ့လင်ဆိုငါကတောင်ပြန်အားမ
ရပါဘူး ယူပြီးမှပဲမြစ်မှန်းသိတာ အဲ့လိုမှန်းသိ
ရင်မယူပါဘူးတော်"

"ဒီနားလေးနာနာတုပ်စမ်းပါဟယ် ယားနေတာ
ခတ္တာကိုသွားမေးလည်းရမှာမဟုတ်ဘူး သူက
သူလင်ဆိုကြောက်ရတယ်"

"ဟုတ်သားဘဲအရီးလေးနှင်းမြတောင် အိမ်
ပြိုတုန်းကံကောင်းလို့ဘာမှမဖြစ်တာ"

အမခင်ထားတို့ပြောနေကြသည်များကို နားမ
ထောင်တော့ဘဲ သူ့ကိုဘဲဝိုင်းမေးနေကြသော
ကြောင့် ရှက်ရှက်နဲ့ထပြေးလာရလေသည်။
သူကိုယ်သူလည်းအံ့သြလေသည်။အကိုလေး
လိုအားမျိုးနဲ့သူတော်တော်ခံနိင်တာဘဲ။

အသစ်စက်စက်ဆောက်ပြီးတဲ့အိမ်လေးမှာ
မရှိမဲ့ရှိမဲ့ပစ္စည်းလေးတွေနေရာချပြီး လင်ဖြစ်
သူကိုကြည့်ပြီး နေ့လည်ကအမခင်ထားတို့
ပြောတာပြန်ကြားယောင်ပြီး ပြုံးမိလိုက်လေ
သည်။

"ငယ်ငယ်ဘာတွေပြုံးနေတာလဲ"

"မဟုတ်ပါဘူး ကျုပ်တို့အိမ်သစ်လေးမြန်မြန်
ဆောက်လို့ပြီးသွားတော့ ဝမ်းသာလို့ပါ"

မူယာနွဲ့ဟန်ချီ [ Complete] Where stories live. Discover now