Chapter...22

68.3K 4.3K 233
                                    

မီးဖိုခန်းထဲမှာငယ်ငယ်ချက်ပြုတ်နေတုန်း
သရဝဏ်ထွဋ်ခေါင် အခန်းထဲ၌ သူ့ပိုက်ဆံ
အိတ်ထဲကကျန်တဲ့ပိုက်ဆံတွေကိုထုတ်ရေ
ကြည့်နေရင်း အရေးကြီးကဒ်ပြားတွေနဲ့
Black cardကိုထုတ်ကြည့်ပြီး အရင်ကအ
ချိန်တွေကိုပြန်တွေးနေမိသည်။

လူမိုက်ခေါင်းဆောင်ကြီးအဖြစ်နဲ့တပည့်များ
စွာကိုအုပ်ချုပ်ပြီး လုပ်ငန်းများစွာကိုဦးစီးကာ
လူအများမျက်ခုံးမွှေးပေါ် စကြ်န်လျှောက်ခဲ့
ပေမဲ့ အခုချိန်မှာတော့တောရွာအလှပန်းလေး
နဲ့ညားပြီး လယ်သမားဘဝနဲ့ရှင်သန်ရမယ်လို့
မတွေးမိခဲ့။သူ့တပည့်တွေလည်းဘယ်လောက်
တောင်သူ့ကိုလိုက်ရှာနေမလဲ။ ရွာငယ်လေး
တွေကများပြားတာမို့ ဘယ်ရွာမှာရှိနေမလဲဆို
တာတပည့်တွေမသိနိင်တာဖြစ်နိင်သည်။

အခုဆိုသူ့လုပ်ငန်းတွေနှင့်စံအိမ်ကြီးမှာကျန်ခဲ့
တဲ့သူ့ဦးလေးကျော်စွာဆိုသူကဘယ်လောက်
တောင်လက်ဝါးကြီးအုပ်နေမလဲ။ ငယ်ငယ်နဲ့
ညားတာလအတော်ကြာပြီဖြစ်သလို လယ်ထဲ
ကစိုက်ပျိုးထားတဲ့ကုလားပဲတွေတောင်ဒီရက်
အတွင်းနယ်စပ်မှာသွားရောင်းလို့ရနေပြီ။
သရဝဏ်ထွဋ်ခေါင်ရဲ့အဓိကစျေးကွက်က
အိန္ဒိယနိင်ငံပင်။ ထိုနိင်ငံကပဲအစားများတာ
ကြောင့် သူရဲ့လုံးပြည့်တဲ့ပဲတွေကိုရောင်းချဖို့
တွေးထားပြီးသား..။

ငယ်ငယ်ကိုလည်းမြို့ကိုခေါ်ပြီးစံအိမ်ကြီးမှာ
အတူနေဖို့ရည်ရွယ်ပေမဲ့ ငယ်ငယ်ကတောမှာ
ဘဲနေချင်သည်မို့သူ့အတွက်ဆုံးဖြတ်ရခက်
နေလေသည်။ရှိတဲ့ပိုက်ဆံက ပဲရောင်းရင်မြို့
တတ်ဖို့အတွက်အရင်းအနှီးလုပ်ရမည်ဟုတွေးလိုက်ပြီး ပိုက်ဆံအိတ်ထဲပြန်ထည့်လိုက်
သည်။ သို့ပေမဲ့ သံသေတ္တာပေါ် တင်ထားမိ
လိုက်တဲ့ Black cardကြီးကိုတော့ ပြန်ထည့်
ဖို့သတိမထားမိခဲ့။ထိုcardထဲမှာငွေသန်း
ပေါင်းများစွာရှိတာကြောင့် တန်ဖိုးကြီးလေ
သည်။

"မောင် ဘယ်သွားမလို့လဲ အခုဘဲထမင်းစား
လို့ရတော့မှာ ငယ်ငယ်ဟင်းတွေကျက်ပြီ"

"မောင် အဘဖိုးစံတို့ဆီခဏသွားပြီးတိုင်ပင်စ
ရာရှိလို့ ပြန်လာမှစားတော့မယ်"

မူယာနွဲ့ဟန်ချီ [ Complete] Where stories live. Discover now