Chapter...28

56K 4K 271
                                    

သရဝဏ်ထွဋ်ခေါင်ကို တပည့်တွေလာခေါ်အ
ပြီးမြို့သို့ပြန်လိုက်သွားချိန်မှာဘဲ အိမ်ပေါက်
ဝလေးမှာပင် မျက်ရည်စလေးတွေနဲ့ရှိုက်ကြီး
တငင်ငိုရင်းမှ နုံးခွေချီ့နဲ့စွာပစ်လဲသွားတာမို့
အနားရှိလူများက အိမ်ပေါ်သို့သယ်ပြီးသတိ
ပြန်လည်အောင် လုပ်ပေးကြလေသည်။

ဖိုးထောင်ကလည်း သူငယ်ချင်းဖြစ်သူသတိ
မေ့သွားတာကြောင့် ရွာကဆေးမှူးလေးကိုအ
ပြေးသွားခေါ်လေ၏။

ဆေးမှူးလေးရောက်လာချိန်မှာတော့သတိပြန်
လည်လာပေမဲ့ ရင်ထဲနာကျင်ခံစားနေရသည့်
ဒဏ်ကြောင့် အိပ်ရာထဲမှမထနိင်ဘဲ အားအင်
ကုန်ခန်းပြီး လူလည်းဖျော့ဖျော့ပင်ရှိလေ
တော့သည်။

"လူနာရှင်ကအသက်ဘယ်လောက်လဲသိခွင့်
ရှိမလား"

"16နှစ်ကျော်ပါပြီဆေးမှူးလေး အရီးလေးရဲ့
သားရုတ်တရက်ကြီးမူးလဲသွားတာ ဘာများ
ဖြစ်လို့လဲ"

ဒေါ်နှင်းမြကတော့ သမက်ဖြစ်သူမြို့ပြန်သွား
တာကြောင့် စိတ်ထိခိုက်ပြီးမေ့လဲသွားတာသိ
သော်လည်း ဆေးမှူးလေးရောက်နေပြီမို့
တခြားရောဂါအခံတွေများရှိလားဟု မေးမြန်း
လိုက်၏။ စိတ်ပူတဲ့အငွေ့အသက်တွေကမိခင်
တစ်ယောက်၏မျက်နှာမှာထင်ပေါ်နေလေ
သည်။

"အိမ်ထောင်သည်လား ချစ်သူဘာညာကော
ရှိလား ဒီလိုမေးတာတမျိုးမထင်ပါနဲ့ စမ်းသပ်
မိတာနဲ့နီးစပ်မူရှိလားသိချင်လို့ပါ"

"ရှိပါတယ်ဆေးမှူးလေး အရီးလေးသားက
အိမ်ထောင်သည်ပါ သူ့ယောကျ်ားနာမည်က
မိုးညို..အခုမြို့ကိုခဏပြန်သွားတုန်း ဒီလိုဖြစ်
သွားရတာပါဘဲ"

"မိုးညိုဆိုတာ ဟိုတခါသူကြီးသမီးပိုးထိတုန်း
ကကူညီပေးခဲ့တဲ့တစ်ယောက်လား"

"ဟုတ်တယ်ဆေးမှူးလေး ဟုတ်တယ်"

"သူ့ကိုတော့သိတယ်ဗျ စိတ်ရင်းကောင်းတဲ့
ညီလေးတစ်ယောက်ပါ အဲ့နေ့ကသူကယ်လို့
သူကြီးသမီးကအသက်ရှင်ခဲ့တာ မဟုတ်ရင်
အသက်မမှီနိင်ဘူး"

"ဟို ခတ္တာကအခုဘာရောဂါဖြစ်တာလဲ"

"သြော် ဟုတ်သားဘဲ ကျွန်တော်ပြောတာသေ
ချာနားထောင်ပေးပါ အခုဒီညီလေးမှာကိုယ်
ဝန်ရှိနေတယ်"

မူယာနွဲ့ဟန်ချီ [ Complete] Where stories live. Discover now