Chapter...41..Final

96.1K 4.8K 653
                                    

"အင့်...အဟင့်...အားးး...မောင်"

ဆေးရုံကုတင်ပေါ်တွင် ဗိုက်နာတဲ့အရိပ်အ
ယောင်ပြလာတာကြောင့် အံ့ကြိတ်ပြီး ညည်း
ညူလိုက်လေသည်။

ရင်သွေးလေးကိုမမွေးဖွားခင်တပတ်လောက်
အလိုတည်းက မောင်ကစိတ်မချလို့ဆိုကာ
မီးဖွားမည့်ဆေးရုံရဲ့အထူးခန်းမှာကြိုတင်
တတ်ခိုင်းလေသည်။

အသက်ငယ်သေးတာကော ပထမတခါ ထိ
ခိုက်မိထားတဲ့အရှိန်ကြောင့်ပါ မောင်ကအရင်
ကထက်ပိုပြီးဂရုစိုက်ကာ မျက်စီအောက်က
အပျောက်ကိုမခံပေ။

သူ့ကို ဒုက္ခပေးခဲ့သည့် သားအမိမှာလည်းအ
သီးသီးထောင်ဒဏ်အပြစ်ဒဏ်တွေကိုခံစား
သွားရလေသည်။ စိတ်ထဲမှာတော့ မကောင်း
လှပေမဲ့ သူ့အပြစ်နဲ့သူဒဏ်ပဲလေ။

မောင်ကတော့ပြောလေတယ်...ငယ်ငယ်က
သိပ်ဖြူစင်လွန်းနေတယ်တဲ့။

အခုလည်းတရေးနိုးအချိန်မှ ဗိုက်ကနာလာ
တာကြောင့် နာကျင်မူဒဏ်ကတစ်စထက်တစ်
စတိုးလာတာမို့ မနေနိင်တော့အောင်ညည်း
ညူမိလေသည်။

မောင်ကတော့ သူ့လက်လေးကိုကိုင်ပြီး ဘေး
နားငုတ်တုတ်လေးထိုင်ပြီး ကုတင်ပေါ်ခေါင်း
လေးမှီပြီးအိပ်မောကျနေလေသည်။

"မောင်...အာ့...မောင် ထပါဦး"

"အင်း...ဟင်...ငယ်ငယ်...ဘာဖြစ်လို့လဲ..ဗိုက်
နာလို့လား"

"ဟုတ်တယ်မောင်....အ့...ငယ်ငယ်နာတယ်
မောင်ရယ်....အာ့"

ပထမထိခိုက်မိပြီးတည်းကမောင်ကသေချာ
ဂရုစိုက်ပြုစုသည်မို့ မောင်ဘယ်လောက်ပင်
ပန်းနေလဲဆိုတာ ခတ္တာအသိပင်။အခုလိုမောင်
အိပ်မောကျနေတာလေးကို မနှောက်ယှက်ချင်
ပေမဲ့ တဖြည်းဖြည်းပိုနာကျင်လာရတာ
ကြောင့် မောင့်ကိုနိူးလိုက်ရခြင်းပင်။

မဟုတ်ရင် ခတ္တာကတစ်ယောက်တည်းကြိတ်
ခံနေဖို့တွေးပြီးသား။

"ငယ်ငယ်အားတင်းထားနော် မောင်ဆရာဝန်
ခေါ်လိုက်မယ်"

ခတ္တာ ဗိုက်နာသည်ဆိုသည်နှင့် သရဝဏ်ထွဋ်
ခေါင်လည်း ရင်တွေပူကာ ချွေးပြန်လာလေ
သည်။ငယ်ငယ်ဗိုက်ထဲက ကလေးလေးက
သူတို့ရဲ့တစ်ဦးလေးမဟုတ်လား။

မူယာနွဲ့ဟန်ချီ [ Complete] Where stories live. Discover now