Chapter...21🚨🚨

97.9K 4.2K 181
                                    

"တကယ်ဘဲလားခင်ထားရယ် ညည်းအစားငါ
ဝမ်းသာလိုက်တာအေ"

အိမ်ရှေ့ခန်းမှာ နေ့ခင်းဘက်အလုပ်အားချိန်
အကိုလေးရဲ့ပြဲစုတ်နေတဲ့အင်္ကျီလေးတွေကို
အပ်နဲ့လက်ချုပ်ချုပ်ပေးနေခိုက် အမေတို့
ပြောနေတဲ့စကားကြောင့်နားစွန့်လိုက်လေ
သည်။မောင်လည်း သူနဲ့ညားမှ အင်္ကျီအဖာ
အတေးလေးတွေနဲ့ဝတ်ရရှာတယ်...မောင်က
တခါတလေသူ့ကြည့်ပြီးပြုံးကာ မောင်ငယ်
ငယ်နဲ့ညားမှ မစားဖူးတာစားရ၊မဝတ်ဖူးတာ
တွေဝတ်ရ၊မလုပ်ဖူးတာတွေလုပ်ရတော့တယ်
တဲ့။

"ကျော်အေးကောဒီကိစ္စသိပြီးပြီလား သူသာ
သိရင်ဘယ်လောက်ဝမ်းသာရှာမလဲ"

"သိပြီးပြီအရီးလေးရေ ကိုကျော်အေးဆိုဝမ်း
သာလွန်းလို့ထခုန်မတတ်ကိုဖြစ်နေတာ ဝမ်း
ဆွဲသည်ကသေချာကိုပြောလိုက်တာအရီးလေး"

ချုပ်လက်စအင်္ကျီလေးကိုချပြီး အမေအိမ်
ဘက်ကူးသွားကာ အမခင်ထားနဲ့အမေတို့နား
သွားထိုင်ပြီးမေးလိုက်လေသည်။

"အမေ အမခင်ထားကဘာဖြစ်လို့လဲ"

"ခင်ထားကကိုယ်ဝန်ရှိနေပြီတဲ့တော် သိပ်လို
ချင်နေတဲ့ကလေးကအခုမှရလို့ အမေကဝမ်း
သာပေးနေတာ"

အမခင်ထားနဲ့အကိုကျော်အေးတို့ကအိမ်
ထောင်ကျတာ ငါးနှစ်လောက်ရှိပြီဖြစ်ပေမဲ့
သားသမီးအရမ်းလိုချင်တဲ့သူတို့နှစ်ယောက်
အတွက်အခုမှရင်သွေးလေးရတာဆိုတော့
သိပ်ပျော်နေကြသည်။အေးလေ ကလေးအ
ရမ်းလိုချင်နေတာနှစ်တွေကြာတဲ့အထိမရဘဲ
အခုမှကိုယ်ဝန်ရှိတာဆိုတော့ ဝမ်းသာရှာမပေါ့။

"တကယ်လားအမခင်ထား အမတို့လိုချင်တဲ့
ရင်သွေးလေးရတာမဂ်လာတစ်ခုပေါ့ ကလေး
ကသိပ်ကိုချစ်ဖို့ကောင်းမှာ"

"ကျေးဇူးပါငါ့မောင်ရယ် ကိုကျော်အေးဆို
ပျော်လွန်းလို့တဲ့ နေ့တွင်းချင်းသူ့အမေရှိတဲ့
ရွာကိုသွားသတင်းပို့လေရဲ့"

"ကောင်းတာပေါ့အေ အိမ်တစ်အိမ်မှာကလေး
ရှိတယ်ဆိုတာအိမ်ရဲ့ ဆည်းလည်း လေးတစ်
ခုဘဲ၊ အိမ်ထောင်ရက်သားကျပြီဆိုရင် ကလေးရှိမှ အဲ့အိမ်ထောင်ကတည်မြဲတာ မ
ဟုတ်ရင်တော့ နှောင်ကြိုးရစ်ပတ်ထားမူက
တစ်ကြိုးတည်းနဲ့ဘယ်လုံလောက်နိင်မလဲ"

မူယာနွဲ့ဟန်ချီ [ Complete] Where stories live. Discover now