Chapter...14

68.7K 4.5K 329
                                    

"ဟဲ့ ဒါနဲ့နင်ကြားပြီးပြီလား"

"နင်ကဘာပြောလို့ ငါကဘာကြားရမှာတုန်း"

"အေးဟုတ်သားဘဲ ဒီလိုဟာငါတို့ရွာက
သူကြီးအပိုးကျိုးသွားတာကိုလေ အခုဆိုရွာ
ကရွာသားတွေကိုအာဏာပါဝါပြပြီးခိုင်းချင်
တိုင်းခိုင်းလို့မရတော့ဘူး"

"သိပါ့တော် ငါကလေပိုးဥနဲ့ငယ်ပေါင်း
ကြီးဖော်သူငယ်ချင်းတွေမို့သူရှေ့မပြောတာ
သူ့အဖေသူကြီးကိုနည်းနည်းလေးမှသဘောမ
ကျပါဘူး သူ့အိမ်ထင်းခွဲရေခပ်တာကအစ ရွာ
သားတွေကိုလိုက်ခိုင်းနေတာ သူ့သမီးပိုးဥကျ
အမလေးဖူးဖူးမှုတ်ထားတာတော်"

"အဲ့ဒါပြောတာပေါ့ ငါတို့ကိုဆိုလည်းသူ့လယ်
မှာကောက်စိုက်တာကအစဝိုင်းလုပ်ခိုင်းတယ်
အဲ့နေ့ကခတ္တာရဲ့ယောကျ်ားမြို့သားကလာ
တောင်းကျန်းပြီးတည်း ရွာသားတွေကိုအနိင်
ကျင့်မခိုင်းရဲတော့ဘူး ငါတော့ကြိုက်လိုက်
တာဆိုတာမပြောနဲ့"

"ခတ္တာရဲ့ယောကျ်ားကိုလား နင်နော် ဒုသနသောလုပ်မလို့လား ကာမပိုင်ယောကျ်ား
တော့ရှောင်စမ်းပါအေ"

"ဟဲ့ငါကသူကြောင့် သူကြီးအနိင်ကျင့်မခိုင်း
ရဲတော့တာကြိုက်တာလို့ပြောတာ သူသာလူ
ပျိုဆိုလို့ကတော့ ငါကဆွဲစီပစ်မှာ ချောလိုက်
တာခန့်ညားလိုက်တာမှဟယ် ငါ့မျက်လုံး
တောင်ကျွတ်ကျမတတ်ဘဲ"

"အေးနော် ခတ္တာကဘယ်ကများရှာလာခဲ့သ
လဲမသိဘူး မြို့သားဆိုတော့ဗဟုသုတက
လည်းရှိ စာတတ်ပေတတ်ပညာတတ်ဆိုတော့
ခတ္တာနဲ့အရီးလေးနှင်းမြတို့အားကိုးရတာပေါ့"

မိဘတွေရဲ့လယ်ကွက်မှာကူလုပ်ပေးအပြီး
နေ့ခင်းထမင်းစားချိန် ထမင်းစားနေရင်း သူ
ငယ်ချင်းနှစ်ယောက် စကားတပြောပြောလုပ်
နေကြခြင်းဖြစ်လေသည်။

"ဟဲ့နင်တို့ဘယ်သူအကြောင်းပြောနေတာလဲ"

"ဘယ်သူ့အကြောင်းမှမပြောပါဘူးဟယ် ငါတို့
လယ်ထဲကသခွားသီးနဲ့ခရမ်းချဥ်သီးတွေအ
ထွက်ကောင်းတယ်လို့ပြောနေကြတာ"

"ဒါနဲ့နင်ကဘယ်ကိုသွားမို့လဲ စားပါဦးလား"

မိအေးနဲ့ချောစုတို့ထမင်းစားနေရင်းပြောနေတဲ့နေရာသို့ မြပိုးဥရောက်လာခြင်းဖြစ်လေ
သည်။ မြပိုးဥလာတာမြင်သည်နှင့်စကားအ
ရှိန်သက်ကာ တယောက်နဲ့တယောက်မျက်စ
ပစ်ပြလိုက်လေသည်။

မူယာနွဲ့ဟန်ချီ [ Complete] Where stories live. Discover now