Chapter....32

59.5K 4K 213
                                    

ကုမ္မဏီထဲသို့ နှစ်ယောက်သားကုတ်ချောင်း
ကုတ်ချောင်းနှင့် ထပ်မံရောက်ရှိလာလေ၏။

ဗိုက်ကလေးရှေ့ပစ်ပြီး လက်ထဲမှာလည်း
အချဥ်ထုပ်လေးကိုင်ကာ  ကောင်တာကဝန်
ထမ်းကောင်မလေးကို သွားလေးတွေစီ၍
ပြုံးပြလိုက်လေသည်။ ယောကျ်ားဖြစ်သူရဲ့
အကြောင်းကိုမေးချင်လို့ ဖားလျားလိုက်သည့်
သဘော။

"ဟီး ထပ်တွေ့ပြန်ပြီနော် စားပါဦးလား"

"မစားပါဘူး ထပ်ရောက်လာပြန်ပြီလား ရှင်
တို့ပြောနေတဲ့မိုးညိုကိုမသိပါဘူးဆိုနေ"

"မင်းကိုပြောသားဘဲ ဒီအချဥ်ထုတ်တွေစား
နေတန်းလန်းကြီး မဝင်သွားပါနဲ့လို့ "

"အို ဒါတော့ကျုပ်အရမ်းစားချင်တာကိုး လုပ်
ပါနော် ကျုပ်ယောကျ်ားကိုတွေ့ချင်လို့ပါ "

"ဟင်းးးး ခက်တာဘဲရှင် သြော်တစ်ယောက်
တော့သိတယ် ရှင်တို့ပြောတဲ့သူလားဆိုတာ
တွေ့သွားပေါ့"

ဝန်ထမ်းကောင်မလေးရဲ့စကားက သူ့အတွက်
မျှော်လင့်ချက်ရောင်ခြည်လေးသန်းသွားရ၏
မောင့်ကို ရှာမတွေ့တော့ဘူးလားဆိုတဲ့စိတ်နဲ့
ငိုမဲ့မဲ့ ဖြစ်နေတဲ့မျက်နှာလေးတောင် ပြန်လည်
ဝင်းပရွှင်မြူးသွားလေသည်။

"အဲ့ဒါကျုပ်ယောကျ်ားဟုတ်မယ်တူတယ်
မောင်နဲ့တွေ့ရတော့မယ် ဟီး"

"ဦးမိုးညိုရေ ရှင့်ကိုတွေ့ချင်လို့တဲ့ ခဏဒီဘက်
လာပါဦး"

အလိုလေး! သူများလင်လိုနုနုထွဋ်ထွဋ်လေး
ကို ဦးတပ်ပြီးခေါ်စရာလား မောင်နဲ့တွေ့မှရင်
ခွင်ကြီးထဲ ပစ်ဝင်ပြီးတိုင်ပြောပစ်ဦးမယ်....
ငါ့လင် ဘယ်လောက်အားကိုးရလဲသိတယ်
မလား ဟွန့်။

"ဦးလေးကိုခေါ်တာလား ဟိုဘက်မှာစောင့်
ကြည့်ပေးနေလို့ မကြားလိုက်တာစိတ်မရှိပါ
နဲ့"

"ရတယ် ရတယ် ဒီမှာဦးလေးရဲ့ယောကျ်ား
ငယ်ငယ်လေးလာရှာနေလို့"

ဘုရားရေ! ညစောင့်ဦးလေးကြီးက သူ့လင်
ဘယ်လိုဖြစ်သွားရတာလဲ။ဒီအဆင်နဲ့ ဒီအဆင်
နည်းနည်းပါးပါးမတွေးတတ်ဘူးလား။မောင်
တောင်မထိရက်မကိုင်ရက် အတူအိပ်ရင်သာ
ကြမ်းကြမ်းတမ်းတမ်းနွားသိုးကြိုးပျက်လုပ်
တာလေးဘဲရှိတာပါ။ အဲ့လိုမျိုး မောင်အရမ်း
ချစ်တဲ့ ကျုပ်က ညစောင့်ဦးလေးကြီးရဲ့ယော
ကျ်ားလို့ ဘယ်မျက်စီနဲ့မြင်လိုက်တာလဲ။

မူယာနွဲ့ဟန်ချီ [ Complete] Where stories live. Discover now