Chapter...23

62.8K 4.2K 208
                                    

အခုဆိုရင်ရောင်းချဖို့အတွက်ပဲတွေကိုရိတ်
သိမ်းခြွေချပြီး ထုတ်ပိုးပြီးနေပြီ။ နောက်နေ့
ရက်များပျ ငယ်ငယ်ကိုခဏထားခဲ့ပြီး အဘ
စံလှနဲ့ဖိုးထောင်ကိုအဖော်ခေါ်ကာ သူရောင်းချ
ဖို့တွေးထားပြီးသားဖြစ်တဲ့နေရာမှာ ရောင်းချ
ဖို့အဆင့်သင့်ပြင်ထားလေသည်။

အဲ့ဒီအခါများကျရင်တော့ ငယ်ငယ်ကိုယော
က္ခမကြီးနဲ့ခဏမျှထားခဲ့ပြီး မြို့တတ်ရဦးမ
ည်။ အဘစံလှနဲ့ဖိုးထောင်တို့ကိုခေါ်သွားဖို့အ
စီအစဥ်မရှိပေမဲ့ ကြင်သူချစ်ယောကျ်ားလေး
ကစိတ်မချလို့ဆိုကာ အတင်းအဖော်အဖြစ်
ခေါ်သွားရန်တိုက်တွန်းလေသည်။

တကယ်ဆို သူ့လင်ကိုလည်းတစ်ယောက်
တည်းမို့စိတ်မချတာလည်းပါသလို မြို့တတ်
မည်ဆိုတော့သူ့ကိုထားခဲ့မည်လားဆိုတဲ့စိတ်
လေးကြောင့် လင်ထွက်ပြေးသွားမှာစိုးသဖြင့်
ကြည်ရှုပေးဖို့ထည့်ရခြင်းပင်။မြို့အခေါ်အ
ဝေါ်နဲ့ဆိုရင်တော့ သက်တော်စောင့်ပေါ့။

"မောင် ဟိုကျရင်ငယ်ငယ်ကိုမမေ့ပါနဲ့နော်"

"မေ့စရာလားငယ်ငယ်ရယ် မောင့်အိမ်သူလေး
ရှိတဲ့ဆီကိုမောင်ကပြန်လာမှာပေါ့"

"အကိုလေး ပြန်မလာမှာကျုပ်သိပ်ကြောက်
မိတယ် ကျုပ်ကိုချစ်သေးရဲ့လားဟင်"

ဟု ငယ်ငယ်က ခပ်တိုးတိုးလေးရေရွတ်လိုက်
သည်။ သူ့လင်လေးဘာတွေတွေးနေလဲဆိုတာ
သူသိပါ၏။ ငယ်ငယ်ရဲ့မျက်ဝန်းလေးတွေက
သူ့အနားကဘယ်တော့မှထွက်မသွားဖို့ ခခယ
ယတောင်းပန်နေတဲ့မျက်ဝန်းလေးတွေ။ငယ်
ငယ်ရဲ့ချစ်တတ်မူတွေက သူအပေါ်စိတ်လှုပ်
ရှားရင်ခုန်စေနိင်၏။ သို့သော် ငယ်ငယ်က
သူတွေးထားသလိုတွေးထားပုံမရ။သူ့ရဲ့ချစ်
တတ်မူကိုလည်း ငယ်ငယ်ယုံကြည်မြတ်နိုး
စေချင်မိ၏။

"မောင် ငယ်ငယ်ကိုသိပ်ချစ်တာပါ ငယ်လိုအ
လှလေးကိုပိုင်ဆိုင်ရတာတင်မောင်ကပျော်ရွှင်
ရမဲ့လူပါ"

"မောင့်ကို ကျုပ်သိပ်ချစ်နေမိပြီထင်တယ်"

သူရင်ခွင်ထဲခေါင်းလေးတိုးဝင်ကာ ကနွဲ့ကလျ
လေးပြောလာသည်။ မနက်ခင်းပေမဲ့လယ်ထဲ
သွားစရာမလိုတာကြောင့် အိပ်ရာပေါ် ချစ်
လင်လေးနဲ့နှပ်နေခြင်း။

မူယာနွဲ့ဟန်ချီ [ Complete] Where stories live. Discover now