မောင်သည်သာ Part(3)🚨

8.2K 298 0
                                    

ဒီနေ့နဲ့ဆို ၃ရက်

ဒီရွာကကလေးတွေနဲ့တောင်အတော်ခင်နေပီ
မနေ့က ကလေးတွေနဲ့ငှက်လိုက်ဖမ်းရတာပျော်စရာကြီးပဲ
ဒီနေ့လဲ သူတို့နဲ့ စိုက်ခင်းဘက်လိုက်ခဲ့လို့ပြောတယ်
ကလေးတွေကလဲ ကြာလိုက်တာ ခုထိလာမခေါ်သေးဘူး

" ဟေး ခင်များ ဒီနေ့လဲ ပြသနာမရှာနဲ့နော် "

" မင်းပြောလိုက်ရင် တစ်လောကလုံးမှာ
Aprilနိုင်က လူဆိုးကြီးဖြစ်လို့ "

" မဟုတ်လို့လား "

" မင်းနော်...မင်းနဲ့စကားမပြောဘူး
ငါ့ကလေးတွေလာပီ သွားတော့မယ် "

" ကြွ မျက်စိနောက်သက်သာတယ် "

ဒီနေ့ရွာရဲ့အကြီးအကဲတစ်​ယောက်နဲ့ဆွေးနွေးစရာရှိသေးတယ်
တခြားမဟုတ်ပါဘူး ရွာအရေးပါပဲ
နှစ်တိုင်းလာတိုင်း ရွာမှာဘာတွေဖြစ်ပျက်လဲ
ဘယ်လိုတွေတိုးတက်လဲကမေးနေကြပါပဲ
ရွာခံတွေကလဲ ယုံယုံကြည်ကြည်အားကိုးကြတယ်လေ
သူတို့တွေမှာရှိတာနဲ့ ဧည့်ဝတ်ကျေပွန်လိုက်တာလွန်ရော တကယ်စေတနာကောင်းကြတဲ့
ရိုးသားတဲ့လူတွေကြီးပါပဲ
ပညာတတ်နည်းပင်မဲ့ အမြော်အမြင်ရှိကြတဲ့လူကြီးပိုင်းတွေများပါတယ်

ပြောရင်းဆိုရင်းရောက်လာပီ

" မောင်ရင်တို့ အဆင်ပြေရဲ့လား "

" ပြေပါတယ်ဗျာ အကုန်ပြည့်စုံပါတယ် "

" မောင်ရင်လိုတာရှိပြောနော်
မောင်ရင်နဲ့ပါလာတဲ့တစ်ယောက်ရောအဆင်ပြေရဲ့လား "

" ပြေပါတယ် သူကနည်းနည်းနေသားမကျသေးလို့ပါ "

" ဟုတ်ပ့ဗျာ ကျုပ်က အ့ဒီကလေးမျက်နှာမကောင်းတာ ခံစားမိပါတယ်
ကျုပ်အားနာနေတာ "

" အော်အ့လောက်မဟုတ်ပါဘူးဗျ
သူအဆင်ပြေနေပါပီ
ခုတောင် ကလေးတွေနဲ့ လိုက်သွားတယ်"

" ရွာက ကလေးတွေက အကြမ်းပတမ်းတွေဗျ
ပေါက်ကရတွေအတော်ဆော့ကြတယ်
အဆင်မှပြေပါ့မလား "

" ရပါတယ် သူပျော်နေတာတွေ့တယ်
မနေ့ကလဲ ကလေးတွေနဲ့ပတ်ဆော့နေတာ"

" ကျုပ်ကိုအဆင်မပြေတာရှိပြောနော် "

" ပြေပါတယ် ပြေပါတယ်ဗျ "

မောင်သည်သာ ( Complete) Where stories live. Discover now