မောင်သည်သာ Part(63)

1.8K 80 10
                                    

" ခင်များ တစ်ကိုယ်လုံးရေတွေစိုရွှဲနေပီ
အိမ်ထဲမဝင်သေးဘူးလား "

" ဝဏ္ဏ မင်းဘယ်ကဘယ်လိုရောက်..."

" ခင်များဆီပဲလာတာလေ ကျုပ်မမြင်ရင်မမြင်သလိုပဲ နေပုံထိုင်ပုံက "

" ဘာဖြစ်နေလို့လဲ ပုံမှန်ပဲကို "

" ဝတ်ထားတာတော့ပုံမှန်ပဲ ရေစိုတော့ ပုံမှန်မဟုတ်တော့ဘူးလေ "

" ဟင်း ဘယ်နားလေးက ပုံမှန်မဟုတ်တာလဲ "

" ဟင်း ဒီနား...ဒီနားလေး "

" ဂဏ္ဏ မင်း ဘယ် ဘယ်လာကိုင်နေတာလဲ "

" ခင်များတင်ပါးလေးလေ "

" လွှတ် လွှတ်စမ်း သူများတွေမြင်ကုန်မယ်
ဒါခြံသေးသေးမဟုတ်ဘူး ဒါအိမ်တော်နော် "

" မြင်ကြပါစေလေ ခင်များက ကျုပ်အပိုင်ပဲဆိုတာကြေညာပီးသားဖြစ်တာပေါ့ "

" ငါ့သိက္ခာလဲ ထည့်စဉ်းစားအုံးဟ ငါကဒီအိမ်ရဲ့သခင်လေး အေးပီးတော့လဲ အသက်အကြီးဆုံး "

" ဒီနားမှာဘယ်သူမှမရှိပါဘူး ကျုပ်လာတည်းကစစ်ဆေးပီးပီ "

" သေချာလို့လား "

" ကျုပ်နဲ့တစ်ချီလောက်ဆွဲလို့တောင်ရသေးတယ်"

" နှာဘူး လွှတ် ငါအေးနေပီ "

" အင်း နောက်တစ်ခါဒီလိုထပ်နေကြည့် ကျုပ်အပြောနဲ့အလုပ်ညီတာ ခင်များသိတယ်မလား "

" အင်း လွှတ် အိမ်ထဲဝင်မယ် "

အသာအယာလွှတ်ပေးပြီး သူ့နောက်ကပဲ လိုက်သွားမိတယ်

" မင်း မင်းဘာကိစ္စရှိလို့လဲဟင် "

" ကျုပ်မှာကိစ္စရှိတာပေါ့ တစ်စုံတစ်ယောက်ကိုလွမ်းတဲ့ကိစ္စလေ "

" ငါရေချိုးမလို့ မင်းဧည့်ခန်းထဲကစောင့်မလား "

" ကျုပ်ကဧည့်ခန်းမှာစောင့်ရအောင် ဧည့်သည်မှမဟုတ်တာ ဒီအခန်းထဲမှာပဲစောင့်မှာပေါ့
ဘာလို့လဲဆိုတော့ ကျုပ်က ခင်များကိုပဲစောင့် "

" မင်းဘာသာစောင့်ချင်တာစောင့်"

" ကျုပ်က ခင်များကိုပဲစောင့်ချင်တာလေ "

မောင်သည်သာ ( Complete) Where stories live. Discover now