မောင်သည်သာ Part(39)

2.4K 100 4
                                    

" အ့ သေပါပီ "

" ဟော ဒေါ်လေးလုပ်ပါမယ်ဆိုနေ ခုတော့ဓားထိပီမလား လူဆိုးလေး လာ ဆေးထည့်ပေးမယ် "

" ရပါတယ် ဒေါ်လေးရဲ့ ကျွန်တော်က ဒီဓားဒဏ်ရာလောက်တော့မမှုပါဘူးဗျ "

" အမယ် ကြက်သွန်နွှင်ပြီး မျက်ရည်တွေကျနေတုန်းက သူမဟုတ်တဲ့အတိုင်းနော် ဟွန်း "

" ဟဲဟဲ ဒါတော့ ဒါပေါ့ "

" လက်ဆေးလိုက် ဆေးထည့်ရအောင် "

" ရတယ်ဒေါ်လေး ကျွန်တော်အခန်းထဲပြန်ထည့်လိုက်မယ် "

" ဖြစ်ရဲ့လား "

" ဖြစ်ပါတယ်ဗျ "

" သွား ခုသွားထည့်တော့ "

" ဟုတ် ကျွန်တော်ပြန်ဆင်းလာခဲ့မယ်နော် "

" ဒေါ်လေးပီးမှခေါ်လိုက်ပါ့မယ်ရှင် ဒီမှာ မိအေးလဲရှိနေတာပဲ သွားသွား "

ဒီကလေးတစ်ယောက်နဲ့ ဘာစိတ်ကူးပေါက်ပြီးအိမ်ကြီးအိမ်ကောင်းကနေ ဒီလိုနှစ်ထပ်အိမ်လောက်လေးကိုလာနေတယ်မသိဘူး

ကိုယ်ကတော့ အဖော်ရလို့ဝမ်းသာပင်မဲ့
ဒီကလေးက ငယ်ငယ်တည်းက အနူးညံ့ဆုံးကလေး အဆင်မပြေမှာပဲဆိုးရတယ်

အိမ်သန့်ရှင်းရေးကအစ ထမင်းဟင်းချက်တဲ့နေရာအထိ ကူလုပ်ပေးနေလို့ မနည်းတားယူရတယ်
ခုလဲအိမ်ကိုရောက်တာမှ၃ရက်လောက်ရှိအုံးမယ်
ခြံထဲမှာ ပန်းပင်တွေစိုက်နေတာ နေရာပြည့်လုနီးပါးပဲ

ဒီက​လေးရောက်လာမှ ဧည့်ခန်းမှာပါ အဲလ်ကွန်းတပ်ဖို့ ပြင်ဆင်ရတယ်
ကိုယ့်ကလေးလိုမျိုး မွေးလာပြီး ဂရုအစိုက်ရဆုံးကလေးဆိုတော့ အနေလဲနီးပြန်ရော
ဆေးရုံပေါ်မှာတည်းကအစ ဆေးကုတဲ့အိမ်အထိ
ကိုယ့်မှာစိတ်မချဖြစ်တော့ နေ့နေ့ညည ဂရုစိုက်ခဲ့ရတာ

ဆေးသောက်လဲကြောက်တဲ့ကလေးက ဆေးတွေအများကြီးသောက်ခဲ့ရတယ် ဆေးတွေအများကြီးသွင်းခဲ့ရတယ် ဘဝပေးကံတရားကြောင့်ငယ်ငယ်ရွယ်ရွယ်နဲ့မိဘတွေကိုဆုံးရှုံးရပြီး ကိုယ်တိုင်လဲ ပြင်းပြင်းထန်ထန်ထိခိုက်ခံခဲ့ရတဲ့ကလေး
စိတ်ဓာတ်ခွန်အားပြင်းထန်လို့သာ

မောင်သည်သာ ( Complete) Where stories live. Discover now