" ရာဇာ မင်းဘာဖြစ်...."
" ရာ စိတ်ချမ်းသာစေရမယ် "
" မင်းဘာတွေပြောနေတာလဲ..."
" ကျုပ်တို့ နေ့တိုင်း ဒီလို...အတူ "
" တော်တော့ ရာဇာ ငါမင်းကိုချစ်လို့မင်းပြောသမျှလက်ခံပင်မဲ့ ငါအပေါစားမဆန်ဘူး
မင်း အ့လိုထင်နေရင် ငါကွာရှင်းပေးမယ်
မင်းအတွက်ကလေးမွေးနိုင်မဲ့ မိန်းမတစ်ယောက်ကို ယူလိုက် "
" တကယ်ပြောတာလား "
" မင်း! ဟုတ်တယ် ငါတကယ်ပြောတာ "
" ဒါဆို ခုချက်ချင်းကွာရှင်းပေး "
" ကောင်းပီလေ ငါ့ဆီကွာရှင်းစာချုပ်ပို့လိုက်
ငါခုပဲထွက်သွားပေးမယ် "
" ကျုပ်ဖိတ်စာပို့လိုက်မယ်
ရာသက်ပန်က ကျုပ်အတွက် ကိုယ်ဝန်မဆောင်ပေးနိုင်လို့ ကွာရှင်းပြီး နောက်တစ်ယောက်ယူတာပါလို့ ကြေညာလိုက်မယ် "
" မင်းက အခြေကြီးအနေကြီးပဲ မင်းလက်ညှိုးညွှန်ရာ ရေဖြစ်တယ် မင်းသဘောပေါ့ "
" ဟူး အသည်းမာလိုက်တာကွာ
ရန်တွေ့တာများ ကပ်ကပ်ကိုလန်နေရော
ရာ ကွာရှင်းချင်တောင် ကျုပ်က ကွာရှင်းပေးမယ်ထင်လို့လား ဟမ် "
" ဟုတ်တယ်လေ ငါကမင်းအလိုကိုဖြည့်ဆည်းမပေးနိုင်ဘူးလေ "
" ဟော ငိုတော့မယ် ငိုတော့မယ် ဟော..."
မနည်းအံကြိတ်ထားရတဲ့သူကို သူသေချာကြည့်ပြီး
" သွား မင်းကိုမုန်းတယ်...ငါ့ကိုစကားနာထိုးနေတယ်
မင်းတကယ်ကွာချင်နေတာမလား ရတယ်ငါ...အွန့် "
" ပြွတ်စ်.... တော်တော့ စိတ်လျှော့...
ကျုပ်ရာဇာက ရာသက်ပန်ကလွဲရင် ဘယ်သူ့မှမလိုအပ်သလို ဘယ်သူ့ကိုမှလဲ စေတနာမထားဘူး "
" ....... "
အသံတိတ်ရှိုက်နေတဲ့သူ
" ချစ်တယ် ချစ်လွန်းလို့ အရမ်းချစ်တယ် "
" အီး ဟီး မင်းမကောင်းဘူး
ငါ့မှာတော့ မင်းအတည်ကွာရှင်းမယ်ထင်ပြီး
အံကြိတ်ထားရတာ "
" မာနခဲလေး ရာသက်ပန်ရှိနေတာပဲ
ရာ ဘယ်ခေတ်ရောက်နေလဲ
ကျုပ်ကလေးလိုချင်ရင် ကလေးယူလို့မရဘူးလို့ဘာလို့ထင်ရတာလဲ
နည်းပညာတွေတိုးတက်နေတဲ့ခေတ်မှာ
ရာပဲ ဒီအတွက်တွေးပူနေတယ်
ကျုပ် ရာနဲ့အချိန်တွေအများကြီးဖြတ်သန်းချင်သေးတယ် ကလေးအကြောင်းမစဉ်းစားနဲ့အုံး နော် "
ESTÁS LEYENDO
မောင်သည်သာ ( Complete)
Ficción Generalအတွေ့အကြုံနည်းသေးတာမို့ သည်းခံပြီး အားပေးပါအုံးလို့ 👉👈
