မြို့တော်အလည်မှာ စည်ကားသိုက်မြိုက်စွာ
ကျင်းပနေတဲ့ ဖွင့်ပွဲအခမ်းအနားတစ်ခု...ငယ်ငယ်က လမ်းသွားရင်း...
Car center တွေမြင်ရင် မက်တပ်ရပ်ပြီးငေးခဲ့ရတဲ့အိမ်မက်...ဒီနေ့ဒီချိန်မှာ အိမ်မက်ကိုအကောင်အထည်ဖော်နိုင်ခဲ့ပီ...
ကိုယ့်ရဲ့ပါရမီဖြည့်ဘက်ကြောင့်လဲပါတာပေါ့မနားမနေဝိုင်းကူပေးခဲ့တဲ့သူ...
ပြီးခဲ့တဲ့ရက်တွေတိုင်းမှာ ညဘက်တွေမအိပ်နိုင်ပဲ
အလုပ်အတွက်အတူတူကြိုးစားပေးတဲ့သူဖွင့်ပွဲနေ့မတိုင်ခင်ကမှ ဖျားပြီးအနားယူနေရတဲ့သူ
ခုလဲကိုယ့်ပွဲမလို့ သူ့မှာအားတင်းပြီး ခန်းမအလည်အားတင်းဧည့်ခံနေတဲ့သူ...မဖြစ်သေးပါဘူး ကြာရင် သဒ္ဒါလဲသွားလိမ့်မယ်
ပွဲအလယ်က သူ့ဆီလျှောက်သွားပြီး..
" သဒ္ဒါ နားမလား ကိုယ်လိုက်ပို့မယ်လေ "
" နေပါစေ ငါအဆင်ပြေပါတယ် ဝဏ္ဏ မင်းရဲ့ပွဲလေ မင်းအရမ်းတောင့်တခဲ့တဲ့အောင်မြင်မှုရလာတဲ့ပွဲလေ ငါရှိနေရမှာပေါ့ "
" ဒါဆို ဒီမှာထိုင်နားအုံး ကိုယ်လဲထိုင်မယ် "
" အင်းပါ မင်းဧည့်ခံစရာရှိတာလဲဧည့်ခံအုံး
ငါအဆင်ပြေတယ် ငါ့ကိုထားခဲ့ "" ကိုယ့်ကိစ္စတွေပီးပါပီ သဒ္ဒါပင်ပန်းနေမှာပဲဆိုးတာ ဗိုက်ဆာပီလား သဒ္ဒါဒီကအစားအစာတွေမကြိုက်ဖူးမလား ကိုယ်မှာပေး..."
" ကဲပါ ဝဏ္ဏရယ် ပွဲကိုအာရုံစိုက်ပါ
ငါပင်ပန်းရင် အခန်းအရင်ပြန်နားလိုက်ပါ့မယ်
ဒီမှာမင်းမရှိလို့မဖြစ်ဘူး သွား တခြားပုဂ္ဂိုလ်တွေနဲ့စကားသွားပြောအုံး "" သဒ္ဒါ့ကို ကိုယ်စိတ်ပူတယ် "
" အင်းပါ သိပါတယ် ငါဘာမှမဖြစ်ဘူး ဒီလိုလုပ်
ငါအခန်းပဲသွားနားနှင့်မယ် မင်းပွဲပြီးတဲ့အထိဧည့်ခံဟုတ်ပီနော် "" ကိုယ်လိုက်ပို့မယ် "
တဖြည်းဖြည်းနဲ့အချိန်တွေကုန်ခဲ့ပြီး
တစ်ယောက်အကြောင်းတစ်ယောက်ပိုသိလာခဲ့တဲ့အခါ
တစ်ခါတစ်ခါ ကလေးဆန်မိတဲ့ကိုယ့်ကြောင့်
သူ့ကိုသူအသုံးနှုန်းက ကိုယ် လို့ သုံးနှုန်းလာခဲ့တယ်
YOU ARE READING
မောင်သည်သာ ( Complete)
General Fictionအတွေ့အကြုံနည်းသေးတာမို့ သည်းခံပြီး အားပေးပါအုံးလို့ 👉👈