မောင်သည်သာ Part(23)

3.3K 143 4
                                    

လက်မှတ်ထိုးမဂ်လာပြုပြီး မိဘမဲ့ဂေဟာမှာပဲအေးအေးဆေးဆေးလေးပီးသွားချင်ပါတယ်ဆိုတဲ့ ကျုပ်ရဲ့ရာ စကားကြောင့် သဘောတူလိုက်ရပါတယ်

ခမ်းခမ်းနားနားလက်ထပ်ယူချင်တာပေါ့
သူနဲ့မအက်စပ်သေးတဲ့ပတ်ဝန်းကြောင့်
သူမနေတတ်ပါဘူးလို့ အကြိမ်ကြိမ်ဂျီကျနေတယ်လေ

တစ်ထစ်လျှော့ပေးပြီး လက်မှတ်ထိုးမဂ်လာကိုတော့ သတင်းစာရဲ့ခေါင်းကြီးပိုင်းမှာ မပါမဖြစ်ထည့်ခိုင်းရတယ်
ဒါတောင် မနည်းဟန့်ထားရလို့...အရမ်းအရှက်ကြီးတာပဲ...

လိင်တူလက်ထပ်တာက ခုခေတ်အခါမှာ သမားရိုးကျဖြစ်နေပင်မဲ့
သူ့အတွက်ကျတော့လဲ မနေတတ်လောက်သေးဘူး
လက်ထပ်ဖို့တောင် ဘယ်လောက်ခြောက်ယူရလဲသိကြတယ်မလား...

ခုချိန်ထိ ဘာကိုစိုးရိမ်နေမှန်းမသိ
တစ်ခါတစ်လေ တစ်ယောက်ထဲမှိုင်ပြီး over thinkingတွေဖြစ်နေရော...

သူ့ကိုချစ်လွန်းလို့ယူထားတဲ့လင်ကိုမှအားမနာ
ဘာတဲ့....မင်းငါ့ကိုမထားခဲ့နဲ့နော်ဆိုတဲ့ စကားကတစ်ဖွဖွ...

သူ့ကိုနားလည်ပါတယ် ဒါပင်မဲ့တစ်ခါတစ်လေကျ
သူ့စိတ်ထဲ မလိုအပ်တာတွေထိပါ သူစိုးရိမ်နေတယ် သူဘာဖြစ်နေတယ်ဆိုတာ ထုတ်မပြောတတ်တဲ့သူ
ကိုယ်ကတော့ သူ့မျက်နှာကြည့်ရင်ကို သူဘာအတွက် ဘယ်အထိတောင်စိတ်ပူစိုးရိမ်နေလဲဆိုတာအသိဆုံး...

အသံမာမာနဲ့ပြောမိရင်တောင်...
ငြိမ်ကျသွားတတ်တာမျိုးအမြဲသတိထားမိတယ်
သူပုံစံနဲ့မလိုက်ဖက်ဘူး....
သွက်သွက်လက်လက်နေတာမျိုးသိပ်မမြင်ရ...

သူ့အတွက် ဘာလုပ်ပေးသင့်လဲ...
အပူအပင်ကင်းကင်းနေတတ်တဲ့ ကိုယ့်ပုံစံပါတစ်ခါတစ်ခါပျောက်နေတယ်...

ခုလဲ ခြံထဲခနဆိုပြီး ကိုယ်ရေချိုးနေတုန်းသူဆင်းနှင့်တယ်

ဝရံတာကနေ ခြံထဲရှာကြည့်မိတော့
ဟော ထင်တဲ့အတိုင်း ပန်းပင်ရေဖြန်းနေပြီး
လက်ကသာရေဖြန်းနေတယ် အကြည့်ကတစ်နေရာ....

ရေဖြန်းတာလဲသူ့အလုပ်မဟုတ်ပဲ...
အလုပ်မရှိရင်ကိုသူမနေတတ်...
ဒါလဲ သူ့ကိုလွှတ်ပေးထားပါတယ် မတားစီးပါဘူး..
အပြင်အလုပ်ကလွဲလို့ပေါ့...
အပြင်မှာတော့...စိတ်မချနိုင်ဘူးလေ...
အဖြစ်အပျက်တွေကလဲ.. သူ့အတွက်ဆိုးခဲ့တာ

မောင်သည်သာ ( Complete) Where stories live. Discover now