မောင်သည်သာ Part(75)

1.5K 69 4
                                    

ဒီနေ့နဲ့ဆိုရင် အိမ်တော်ကြီးမှာအိပ်တာတစ်ပတ်ရှိပီ
ခါတိုင်း သူနဲ့နေဖို့အမြဲခေါ်နေတတ်တဲ့သူက..
ခုလိုတိတ်နေတာ ဘာဖြစ်လို့လဲ...

" ကိုသဒ္ဒါ ကိုသဒ္ဒါ "

အတွေးများနေပုံပေါ်တဲ့ ကိုသဒ္ဒါ
အိမ်တော်မှာ ခုရက်ပိုင်းပြန်နေတာ တွေ့နေရတော့
ကိုဝဏ္ဏနဲ့ အဆင်မပြေလို့လား
အဆင်မပြေစရာအကြောင်းလဲမရှိလောက်ပါဘူး

ခေါ်နေတာတော်ရုံနဲ့မကြားတဲ့ကိုသဒ္ဒါအနားသွားပြီး..

" ကိုသဒ္ဒါ "

" ဟင် အင်း နိုးလာပီလား "

" နိုးပီပေါ့ ကော်ဖီသောက်ရင်း ဘာတွေတွေးနေတာလဲ "

" အင်း ဘာမှမဟုတ်ပါဘူး "

" ဒီနေ့ company လိုက်အုံးမှာလား
ရုံးချုပ်မှာ အလုပ်သစ်ရှိတယ် "

" လိုက်မယ် "

ပါးစပ်ကသာ လိုက်မယ်ပြောနေတာ
သူ့စိတ်တွေက ဘယ်ရောက်နေလဲမသိ...
ခုလဲစကားပြောရင်း ထထွက်သွားတော့

" ခနနေသွားမယ်နော် "

" အင်း ငါ့ကားနဲ့လိုက်ခဲ့မယ် "

" အိုခေ အိုခေ "

အပေါ်ထပ်ကိုအပြေးတပိုင်းတက်သွားပြီး..
သိပ်မကြာပြန်ပြေးဆင်းလာတဲ့သူ...

" ကိုသဒ္ဒါ "

" ဟင် ပြောလေ မဟာ "

" နေပါအုံး တစ်မနက်လုံး ဘာတွေပျာယာခတ်နေတာလဲ "

" အော် ငါ car center သွားမလို့ "

" ဝယ်မလို့လား "

" မဟုတ်ပါဘူး ဝဏ္ဏပုံတွေတက်လာလို့ "

" ဟင် ဘာဖြစ်လို့လဲ "

" နောက်မှပြောပြမယ် ငါ company ပဲတန်းလာခဲ့မယ် "

" ကားကိုဂရုစိုက်မောင်းအုံး "

" ငါ driver နဲ့သွားမှာ စိတ်မပူနဲ့ "

" အော် ဟုတ်ပီ ဟုတ်ပီ "

ကိုသဒ္ဒါမှာ အကျင့်တစ်ခုရှိတယ်
သူအရမ်းလောနေတဲ့ ကိစ္စမျိုးဆိုရင်...
Driver နဲ့သွားလေ့ရှိတယ်
အတိတ်က trauma ကြောင့်ဖြစ်မှာပဲ

သူဘာတွေဖြစ်နေလဲ...
သူ့ကိစ္စတွေမှာ ဝင်ပါချင်တာမျိုးမဟုတ်ပင်မဲ့
စိတ်ပူမိတယ်

မောင်သည်သာ ( Complete) Where stories live. Discover now