ဆက်တိုက်ရိုက်ခတ်နေတဲ့ လောကဓံကိုမုန်းပစ်လို့ရရင် မုန်းလိုက်ချင်တယ်
အရာရာပြီးပြည့်စုံပီလို့ထင်ထားပင်မဲ့
မမြင်နိုင် မသိနိုင်တဲ့ မုန်တိုင်းတွေကြုံနေရပြန်ပီ
ဆေးရုံနဲ့အိမ် အိမ်နဲ့ဆေးရုံ
မောင့်ရဲ့ နိုင်ရယ်....
နိုင့်ကို လေပြေတွေနဲ့ ကြုံစေချင်လှပီ
နိုင်...သွေးအိုင်ထဲမှာ လဲကျနေပြီး တုန်တုန်ရင်ရင်နဲ့
ကယောင်ခြောက်ချား အကြည့်တွေကြောင့်
မောင် အရမ်းစိတ်ပူခဲ့ရတယ်
ပါးစပ်ကလဲ
ကလေး ကလေးကိုကယ်ပေးပါတဲ့
သူဆုတောင်းမပြည့်ခဲ့ဘူးလေ
ဒေါက်တာက...
လူကြီးနဲ့ကလေး ရွေးပါဆိုလို့...
မောင် နိုင့်ကိုရွေးခဲ့တယ်
ပြတ်သားတဲ့ဆုံးဖြတ်ချက်နဲ့ပေါ့...
ကံမပါသေးလို့ သားနဲ့ဝေးရတယ်လို့ဖြေချင်ပင်မဲ့
နှလုံးသားကို ဓားနဲ့တနုတ်နုတ်ထိုးခံနေရသလိုပဲ
မောင့်ရဲ့နိုင်ရယ် အငိုတိတ်ပါတော့...
မောင့်ရင်တွေ နာလှပီ....
သတိပြန်ရရချင်း ဗိုက်ကိုပဲကိုင်ပြီး
သားလေးကို အရင်မေးတယ်
ခွဲခန်းတန်းဝင်လိုက်ပင်မဲ့
သွေးထွက်လွန်သွားတာကြောင့် မကယ်လိုက်နိုင်ဘူး
မောင်လေ ဘယ်လောက်ပုံပေးရပေးရ
မောင်အရကယ်တင်နိုင်အောင်ကြိုးစားခဲ့ပါတယ်
မောင်တို့ဆုတောင်းမပြည့်ခဲ့ဘူးကွာ...
သားလေးက....မောင့်ကို စိတ်ဆိုးသွားတာနဲ့တူပါတယ်
မောင့်အပစ်တွေ...မောင်သာနိုင့်ဘေးနားမှာရှိနေခဲ့ရင်....
မောင်သာ...ဘာမဟုတ်တဲ့အလုပ်အကြောင်းတွေးမနေခဲ့ရင်....
လှေကားကနေခြေချော်ကျလာစရာအကြောင်းလဲမရှိသလို
နိုင်လဲ ခုဆိုပျော်နေရလောက်မှာ...
မောင့်အပစ်တွေပါ....
မျှော်လင့်ချက်အနေနဲ့ နောက်ဆက်တွဲအခြေအနေမေးကြည့်ပြန်တော့...
နောက်တစ်ခေါက်များ ကိုယ်ဝန်ရခဲ့ရင်...
နိုင့်အသက်ပါထိခိုက်နိုင်တယ်ဆိုတဲ့စကားကြောင့်.....
YOU ARE READING
မောင်သည်သာ ( Complete)
General Fictionအတွေ့အကြုံနည်းသေးတာမို့ သည်းခံပြီး အားပေးပါအုံးလို့ 👉👈
