ယောကျ်ားပြန်သွားတာ၃ရက်ရှိပီ...
ဟိုမှာ သူပင်ပန်းနေလောက်ရောပေါ့...
ကိုယ်စိတ်ချမ်းသာဖို့ သူနေခဲ့ခိုင်းတာမှန်ပင်မဲ့..
သူတစ်ယောက်ထဲ အဆင်ပြေပါ့မလားဆိုပြီး...
ရွာကအဘတို့ကိုပြော နယ်ကားနဲ့ပဲပြန်လာမိတယ်သူထားခဲ့တဲ့သူ့လူတွေရောအပါအဝင်ပေါ့...
သူတို့ကားနဲ့လိုက်ခဲ့ဖို့ပြောပင်မဲ့...
နယ်ကားစီးပြီး ခရီးမသွားရတာကြာပီမို့...
လွတ်လွတ်လပ်လပ်ဖြစ်ချင်တာနဲ့...
သူတို့ကိုအရင်ပြန်လွှတ်လိုက်တယ်...ဒါပင်မဲ့လဲ သူတို့ဆရာစကားအတိုင်း...
ခရီးသွားကားနောက်က ကပ်ပြီးလိုက်လာကြတယ်...တကယ်ခက်တဲ့လူတွေ...ဟူး..
ဒီလိုနယ်မြို့လေးတွေမှာ ဘာအန္တရာယ်ရှိမှာမို့လို့လဲ...အခု ကားကခရီးတစ်ထောက်နားလို့...
လမ်းမပေါ်ကထမင်းဆိုင်လေးမှာ..
ထမင်းဝင်စားနေတုန်း..ဘေးဝိုင်းက သူ့လူတွေက အုပ်လိုက်...
ဆိုင်ရှင်ကတော့ လန့်နေလို့...
ကိုယ့်မှာ ကားမြန်မြန်ပြန်ထွက်ဖို့ဆုတောင်းမိ..." ခရီးသွားများ ကားပြန်လည်ထွက်ခွာမည် " ဆိုတဲ့အသံကြားတော့မှ...
လက်ကိုင်အိတ်လေးယူပြီး ကားပေါ်ပြန်တက်ဖို့ဆိုင်ထဲကထွက်လာလိုက်တယ်..." အကိုလေး အကိုလေး "
" ဟင် ဘာလဲ "
" Boss phဆက်တယ် အကိုလေးကို ကားနဲ့ပြန်ခေါ်ခဲ့ဆိုလို့..."
" မင်းတို့ကြိုပြောလိုက်ပီပေါ့ "
" ဟို boss phဆက်လာတာ မလိမ်ရဲတာနဲ့ "
" မလိုက်ဘူး ငါ့ဟာငါဒီကားနဲ့ပဲပြန်မယ်
လမ်းခရီးပဲတစ်ဝက်ရောက်နေပီ "" အကိုလေး ကျွန်တော်တို့ကားနဲ့လိုက်စီးပါလာဗျာ ကျွန်တော်တို့ ကားနဲ့မခေါ်လာနိုင်ရင်
ဟိုရောက်ရင် အနွှာခံရမှာဗျ "" ဟာ ရာဇာဆိုတာလဲ ဆိုးလိုက်တာ...
သူများဘာသာသူများအေးအေးဆေးဆေးလေးပြန်နေတာကို...အတူရောက်မဲ့ခရီးလေးကို..."" တီ တီ တီ "
" အကိုလေး ဒီမှာ boss phဆက်ပြန်ပီ "
" ပေး
Hello "
" မလိုက်ဘူး မလိုက်ဘူး " ဆိုပြီး phချလိုက်တဲ့အကိုလေးကိုကြည့်ပြီး...
YOU ARE READING
မောင်သည်သာ ( Complete)
General Fictionအတွေ့အကြုံနည်းသေးတာမို့ သည်းခံပြီး အားပေးပါအုံးလို့ 👉👈