မောင်သည်သာ Part(34)

2.5K 111 4
                                    

ကိုယ့်အပေါ်စီးကနေ ထပ်အုပ်ပြီးဖက်လာတဲ့သူ
တံတားလက်တန်းပေါ်တင်ထားမိတဲ့လက်တွေအပေါ်အုပ်ကိုင်လာတဲ့သူ

အင်း နွေးတယ်...
သူ့ကို ကန့်လန့်တိုက်ချင်လို့သာ အနွေးထည်မဝတ်တာ တကယ်တမ်း လေတဖြူးဖြူးနဲ့အေးတယ်

" မောင်တို့ ပြန်ကြမလား "

" အင်း ညောင်းနေပီ "

ဆွေ့ခနဲကောက်ပွေ့လိုက်တဲ့မောင်...

" အိမ်ရောက်ရင်​ခြေထောက်ဆေးပေးမယ်နော် "

" ဟင့်အင်း အိပ်ချင်ပီ "

" သဘော သဘော နော် "

ကိုယ့်ကိုအရွဲ့တိုက်ချင်လို့သာ သူအကန်ပြောနေတာ တကယ်တမ်း တုန်နေတဲ့သူ
လက်ဖျားတွေခြေဖျားတွေအေးစက်နေတဲ့သူ
ကိုယ်ဝန်ဆောင်ထားရတော့လဲ စိတ်အပြောင်းအလဲဖြစ်တတ်တာမို့ ကိုယ်ကနားလည်ပေးရတာပေါ့

သူ့အပေါ်ကို ကိုယ်ကရော အတင်းပိတ်ပင်သလိုဖြစ်နေလား သေချာတော့ပြန်စဉ်းစားသင့်ပီ

ကားပေါ်လဲရောက်ရော ယိုင်လဲတော့မယ်ကိုယ်လေးကိုရင်ခွင်ထဲထည့်ပြီး မှေးစက်စေတော့
ပင်ပန်းနေသယောင် ချက်ချင်းအိပ်ပျော်သွားတယ်

လက်ဖျားလေးတွေရဲပြီးအေးနေတော့ အနွေးဓာတ်ရစေဖို့ ထွေးထားပေးမိတယ်

" ဟင်း အင်း "

ချမ်းလို့ငြီးနေပြန်တော့ အသင့်ဆောင်ထားတဲ့ရေနွေးအိတ်ကို ထည့်ထားပေးလိုက်မှ ငြိမ်ကျသွားတယ်

အိမ်တော်ပြန်ရောက်ပြီး သေချာအိပ်စက်စေလိုက်တယ်

ကိုယ်ကတော့ အလုပ်လုပ်ရမှာမလို့ အလုပ်ခန်းဆီပေါ့

" ဟေး မဟာ ငါ့ညီ ဘာတွေစိတ်ညစ်နေလဲ "

အလုပ်ခန်းထဲရောက်နှင့်နေတဲ့ ကိုသဒ္ဒါနဲ့ရာဇာ

" ဒီလိုပါပဲ ထုံးစံပဲပေါ့ "

" အပြင်မှာစကားများခဲ့သေးလား "

" နည်းနည်းပါ "

" မင်းသူ့ကိုစိုးရိမ်တာ စိတ်ပူတာ နားလည်ပင်မဲ့
တစ်ခါတစ်လေမှာ ကိုယ်က တင်းတင်းချည်ရင်
ပျက်ထွက်တတ်တယ် လျော့သင့်တဲ့အချိန်လျော့ပေးရတယ် အ့တာမှ ကြာကြာမြဲမယ် "

မောင်သည်သာ ( Complete) Where stories live. Discover now