အသက်ရှုသံပြင်းပြင်းနဲ့ စကားတစ်ခွန်းမှမဟ
ခြေလှမ်းကျဲတွေနဲ့ လှေကားတစ်တွေကျော်တက်နေတဲ့သူ...ကိုယ့်ကိုတော့ချီထားပြီး ကိုယ့်မျက်နှာကိုမကြည့်လာသေး....
သူစိတ်တိုဖူးတာ အခုမှမြင်ဖူးတာရယ်....
ကိုယ်လဲ သူမသိအောင်လိုက်သွားမိတဲ့အပစ်ရယ်ကြောင့်ရော...
ကိစ္စတွေဖြစ်သွားတာကလဲ ကိုယ့်ကြောင့်ပဲလေ..ဟူး....ရဲနေတဲ့ခြေဖမိုးကိုလှမ်းကြည့်မိတော့...
စပ်ဖျင်းဖျင်းဖြစ်နေတုန်း....ကုတင်ပေါ်တော့အသာအယာချပေးလာပြီး...
သူ့ကိုလှမ်းကြည့်တော့...အံဆွဲထဲက ဆေးဗူးပြန်ယူလာတဲ့သူ...
ခြေထောက်ကိုဆေးလိမ်းပေးလာရင်း...
စိတ်လျှော့ဖို့ကြိုးစားနေတဲ့သူ...." အ့ "
မော့ကြည့်လာတဲ့သူ့ရဲ့အကြည့်ကိုမျှော်လင့်ထားပင်မဲ့တစ်ကယ်တမ်းကျ ရှောင်ဖြစ်အောင်ရှောင်မိလိုက်သေး...
" ကဲ ပြော.... ယောကျ်ားနောက်လိုက်လာရတဲ့အကြောင်းအရင်း..."
" ........ "
" ရာ ယောကျ်ားကိုကြည့် မျက်နှာမလွှဲနဲ့ "
မေးစေ့ထိပင့်ကိုင်လာပြီး အကြည့်ဆုံစေတော့...
" ယောကျ်ား..."
" အင်း ယောကျ်ားနားထောင်နေတယ် "
" ငါ....ငါ...စိတ်မချ..."
" ပြွတ်စ်...ပြွတ််စ်..."
ပြောလို့မဆုံးသေး နှုတ်ခမ်းပေါ်ကျလာတဲ့သူ့ရဲ့အနမ်း...
သိပ်ပြီးမနူးညံ့တဲ့အနမ်းကြောင့် သူစိတ်တိုနေသေးမှန်း...." အင့် "
လည်ပင်းကိုပြောင်းသွားတဲ့ သူ့ရဲ့အနမ်းက...
တဖြည်းဖြည်းကြမ်းတမ်းလာပြီး...သူ့ပုခုံးကိုထိမိလိုက်တဲ့ကိုယ့်ရဲ့လက်ကိုပါ ပြန်ချုပ်ပြီး ကိုင်လာတာမို့...
" ဒီခန္ဓာကိုယ်က ယောကျာ်းတစ်ယောက်အတွက်ပဲ....ဘယ်သူကမှပုတ်ခတ်ပြောဆိုတာလက်မခံနိုင်ဘူး ယောကျ်ားဘာကြောင့်မခေါ်လဲ ရာသိရဲ့လား ဟမ် ဒီလိုစည်းကမ်းမရှိတဲ့ပါးစပ်တွေကြောင့်....ရာရဲ့...ရာသိရဲ့လား "
YOU ARE READING
မောင်သည်သာ ( Complete)
General Fictionအတွေ့အကြုံနည်းသေးတာမို့ သည်းခံပြီး အားပေးပါအုံးလို့ 👉👈