မောင်သည်သာ Part(14)

4K 165 10
                                    

ဘားသွားခါနီး ဒီလူ့ပုံစံက အားနည်းနေတာမို့
သွားရမလား မသွားရဘူးလား တွေးနေမိတယ်

ကားမမောင်းသေးပဲ ခနအခြေအနေကြည့်နေတုန်း

" ဟတ်ချိုး

ဟတ်ချိုး

ဟတ်ချိုး "

" အော်ကဲ ကိုရာသက်ပန် ဒီညအိမ်မှာနေခဲ့တော့ "

" ရပါတယ် ဘာမှမဖြစ်ပါဘူး
ငါကအမြဲအ့လိုပဲ ပြီးပျောက်သွားရော "

" တကယ်အဆင်ပြေလို့လား
ဖျားနေရင်လဲ မလိုက်နဲ့တော့ "

သူ့နဖူးကိုစမ်းတော့ လက်ကိုပုတ်ချခံလိုက်ရတယ်

ဘာကိုတွန့်တိုနေမှန်းမသိ သူနဲ့ကိုယ်က သူစိမ်းကျနေတာပဲ
အသည်းယားတာနဲ့ တမင်ချုပ်ပြီး

" ပြွတ်စ် "

နှုတ်ခမ်းကိုနာနာလေးနမ်းကိုက်ပေးလိုက်တယ်

မျက်စောင်းနဲ့ ကြည့်လာပြီး

" မောင်းမှာသာမောင်းတော့ ငါအဆင်ပြေတယ်လို့ "

သူအဆင်ပြေတယ်သာပြောနေတာ
အမှန်တော့ သိပ်မခေါ်ချင်
မနက်ကလဲ ရေချိုးခန်းထဲမှာ ကြာသွားတယ်လေ

ဒီညတော့ တစ်ဘားပဲဆိုတော့မယ်
ပြီးရင်အိမ်ပဲပြန်လာတော့မယ်

ဘားရောက်တော့ ညနေ၆နာရီခွဲ
၇နာရီမှာစဆိုမှာဆိုတော့ ခနတော့စောင့်နေရတယ်

ဘားထဲဝင်လာတော့နောက်ကခြေလှမ်းကျန်နေခဲ့တာမို့

" ကျုပ်ခြေလှမ်းတွေမြန်နေလို့လား "

" မမြန်ပါဘူး "

" လာရှေ့ကလျှောက် " ဆိုပြီး လက်ကနေဆွဲခေါ်လာလိုက်တယ်

ဒီနေ့မှပုံစံက အားမရလိုက်တာကွာ

" ခင်များ ဒီဝိုင်းကပဲစောင့်နော်
ကျုပ် မျက်စိရှေ့မှာပဲနေ ခင်များကိုစိတ်မချဘူး"

" အင်းပါ မင်းဘာမင်းသာ စိတ်ဖြောင့်ဖြောင့်နဲ့ဆို"

ရာဇာ စင်ပေါ်တက်သွားတာနဲ့ မူးနေတဲ့ခေါင်းတစ်ခုလုံးကြောင့် မှောက်အိပ်လိုက်မိတယ်

မန်နေဂျာက ကိုယ်သောက်နေကျ ကော့တေးအပျော့စားလာချပေးရင်း

မောင်သည်သာ ( Complete) Where stories live. Discover now