ဟူး....အိမ်ထဲမှာနေရတာပျင်းလိုက်တာ...
ဒေါ်လေးကလဲ အိမ်တော်ကြီးမှာ သွားနေနေတယ်
နေ့ခင်းနေ့လည်ဆို ငြိမ်ဆိတ်နေတဲ့ရပ်ကွက်...
ညနေစောင်းဆို ပိုဆိုး...
ငါဘာလုပ်ရင်ကောင်းမလဲ...
ဟုတ်ပီ...ခြံထဲမှာရေချိုးမယ်...
သစ်ပင်တွေရေလောင်းရင်းနဲ့...ခြံထဲမှာချိုးမယ်..
အကျီချွတ်ချပြီး ပန့်ဘောင်းဘီတိုလေးနဲ့ခြံထဲဆင်းလာတော့...
ရေပိုက်ကိုယူပြီး သစ်ပင်တွေ ပန်းပင်တွေရေလောင်းနေရင်း
" ဒန့်...တန့်....တန်....ဟူး..."
နားကြပ်တပ်ထားပြီး ခန္ဓကိုယ်ကိုယိမ်းပြီး ဖြစ်ချင်တိုင်းဖြစ်နေတဲ့သူပါလား...
၃ရက်လောက်လွှတ်ပေးလိုက်တာနဲ့...ခင်များကိုအပစ်ပေးရတော့မယ်...
" အင့်...မင်း...လွှတ်...အောက်ချပေး...လွှတ် "
" ကျုပ်မရှိလို့ ဖြစ်ချင်တိုင်းဖြစ်နေတာလား "
" မင်းဘာတွေပြောနေတာလဲ ငါ့ဘာသာငါဘာလုပ်လုပ်ပေါ့ "
" ပတ်ဝန်းကျင်ကိုကြည့် သရေတမျှမျှနဲ့အမဲလိုက်မဲ့သူတွေကြီးပဲ နားလည်လား "
" မင်းမဟုတ်တာမပြောနဲ့ အင့် "
ခြံရှေ့မှာ ချောင်းနေတဲ့လူတွေကိုသတိမထားမိဘူးမလား... ခင်များတော့ကွာ...ကျုပ်သာရောက်မလာရင်...ကျစ်
" မကိုင်နဲ့... လွှတ် "
သူ့ကိုပွေ့ချီပြီး ရေချိုးခန်းထဲခေါ်သွားတော့...
" ငြိမ်ငြိမ်နေ "
" မင်းဘာဖြစ်နေတာလဲ "
" ဒီပုံစံနဲ့ခြံထဲဆင်းပြီးနေရမယ်လို့ ခင်များဘယ်လိုဉီးနှောက်က ဆူံးဖြတ်ချက်ချလိုက်တာလဲ "
" ဘာဖြစ်လဲ ဒါအဆင့်အတန်းရှိစိတ်ငြိမ်ရပ်ကွက်"
" ကျစ် ခင်များစကားများတယ် "
" အ့...လွှတ် "
လက်မောင်းနဲ့အားနဲ့ဖိညှစ်မိတော့...နာသွားလို့အထင်...
" ခင်များကိုလွှတ်ထားပေးလို့မရဘူးပဲ
ဟိုနေ့ကလဲ ခင်များကျုပ်အိမ်ကပြန်သွားတော့ခင်များကားနောက်မှာ ကားတစ်စီးကပ်လိုက်တာရောသိလား "
YOU ARE READING
မောင်သည်သာ ( Complete)
General Fictionအတွေ့အကြုံနည်းသေးတာမို့ သည်းခံပြီး အားပေးပါအုံးလို့ 👉👈
