မောင်သည်သာ Part(61)

1.8K 89 11
                                    

" ဟင့်...သူရက်စက်တယ်...
သူများကို သူမလို့အထင်အမြင်တွေလွဲတယ်

သူများမှာတော့ ကြောက်ပင်မဲ့လည်း သူ့အတွက်မိသားစုဘဝလေးပေးချင်တာကြောင့် စွန့်စားမိတာ..."

လက်ကျန်မာနလေးနဲ့ ဒီက​လေးကိုရအောင်မွေးမယ် ကိုယ်သေရင်သေပါစေ ကလေးမင်းတော့အသက်ရှင်ရမယ်နော်
ဖေဖေက ကလေးကို လူ့လောကထဲမရောက်ရောက်အောင်ပို့ပေးမယ်...

ဘယ်သွားလို့သွားရမှန်းမသိ...
​ခြေဉီးတည့်ရာလာလိုက်တာ အရင်တစ်ခါအလုပ်လုပ်တုန်းကငှားနေခဲ့တဲ့အဆောင်နားရောက်လာမိတယ်....

ခရီးစရိတ်ပိုက်ဆံရှာပြီး ရွာပြန်မယ်...
သူခေါ်သွားတုန်းက ကိုယ့်ရဲ့ကိုယ်ပိုင်အဝတ်တစ်စုံကိုသိမ်းထားမိတာ မမှားခဲ့ဘူး...

သူတို့စည်းစိမ်ကိုမက်လို့လားတဲ့...
ဟင့်...ရင်တွေလဲ ကွဲရပါတယ်
အသွေးအသားလေးတစ်ခုတည်ဆောက်မိလို့
အပြောခံအထင်ခံရတဲ့စကားတွေက ခါးသီးလွန်းတယ်

ငါ့မှာလဲငါ့သိက္ခာနဲ့ငါပါ...
ငါမင်းစကားတွေအကုန်နားထောင်ခဲ့တာ...
မင်းကိုချစ်လွန်းလို့ ချစ်တဲ့စိတ်တစ်ခုတည်းကြောင့် ငါ့ကိုယ်ငါထက် မင်းကိုပိုချစ်မိလို့...

မင်းကိုမုန်းပစ်ချင်တယ်....ဒါပင်မဲ့....
ရာသက်ပန်...မင်းအရူး....အရူး..မင်းမေ့ပစ်ရမယ်

ဒီအဆောင်လေးမှာခနနေဖို့ခွင့်တောင်းကြည့်ရမယ်...
ကားလမ်းတစ်ဖက်မှာမြင်နေရတဲ့အဆောင်...

" ဟာ...ဟိုမှာ အဒေါ်...အဒေါ်ဘယ်သွားမလို့ပါလိမ့်

အဒေါ်....အဒေါ်...."

အဆောင်ပိုင်ရှင်အဒေါ်က လက်ဆွဲအိတ်ကြီးနဲ့ဘယ်သွားမလို့ပါလိမ့်

" အဒေါ်...အဒေါ်..."

' ကျွီ....ကျွီ...!

တီ...တီ...ဒုန်း!! "

" ဟင်...ကား.....

သတိလက်လွတ်ဖြစ်ပြီးကားလမ်းကူးလာမိရင်း
အရှိန်နဲ့မောင်းလာတဲ့ကားတစ်စီး​ကြောင့်

ကိုယ့်ကိုတိုက်ပီထင်ပြီးမျက်စိမှိတ်လိုက်မိပင်မဲ့..
အသံတွေရဲ့အဆုံး မျက်လုံးဖွင့်ကြည့်တဲ့အခါ...

မောင်သည်သာ ( Complete) Where stories live. Discover now