မောင်သည်သာ Part(53)

2.1K 94 10
                                    

ဟင်း ဟိုကောင်ကလဲ ကြာလိုက်တာ ကားကလဲလမ်းရောက်မှပျက်သွားတယ် ရှေ့ဖုံးဖွင့်ကြည့်မိပြန်တော့ ထွေထွေထူးထူးဘာမှမတွေ့...

စက်ကထိုးရပ်သွားတာကြောင့်....
ဘယ်သူ့ကို phဆက်ရမှန်းမသိတာနဲ့ ဟိုကောင့်ပဲphဆက်မိတယ်

ငါဘာလို့ သူ့ကိုဆက်သွယ်မိတာလဲ
ငါ ငါအိမ်တော်ကလူတွေခေါ်လိုက်ရင် ရတာပဲလေ
ကိုယ်ထက်စိတ်ကမြန်ပြီး သူ့ကိုမှphဆက်မိတယ်
အပြင်မှာလဲ မှောင်ကာစဆိုတော့ အေးစိမ့်စိမ့်ဖြစ်လာတာနဲ့ ကားထဲပဲမီးဖွင့်ပြီး ဝင်ထိုင်နေလိုက်တယ်
ကြာလာတော့ လာမယ်ပြောပြီးမလာသေးတဲ့သူကြောင့် အိပ်ငိုက်လာတယ်
နည်းနည်းမှိန်းနေပြီး အိပ်ချင်တဲ့ဘက်သာစိတ်ရောက်လာတယ် မလာသေးဘူး ဟူး

" ဒေါက် ဒေါက် "

ကားမှန်ကိုခေါက်လာတဲ့အသံကြောင့်
မျက်လုံးကို ဖွင့်ကြည့်မိပင်မဲ့
မျှော်နေတဲ့သူမဟုတ်ခဲ့....

ကားမှန်တံခါးချလိုက်တော့

" အာကျွန်တော် ဘာကူညီပေးရမလဲ
ဒီလမ်းမကြီးမှာ အခက်အခဲမရှိပဲ ကားရပ်ထားမယ်မထင်လို့ဗျ "

မတိမ်းမယိမ်းလူငယ်တစ်ယောက်ရဲ့စကားကြောင့် မှန်ဆွဲချထားပြီးသားတံခါးကိုဖွင့်ပြီး ကားပေါ်ကဆင်းလာမိတယ်..

" ဟို ကျွန်တော် ကားဘာဖြစ်သွားမှန်းမသိလို့ "

" ကျွန်တော်ကားမပြင်တတ်ပင်မဲ့ ဒီရှေ့နားမှာ
ကားဝပ်ရှော့အသေးစားတစ်ခုတော့ရှိတယ်ဗျ
အကို့အနေအထားနဲ့အ့ဝပ်ရှော့ကနိမ့်မယ်ဆိုပင်မဲ့
အ့ဝပ်ရှော့ကနာမည်လဲကောင်းလို့ ကျွန်တော်ပြောတာဗျ "

" အာ ရပါတယ် ကျွန်တော်အ့လိုမယူဆပါဘူး
ကျွန်တော့်ကားအဆင်ပြေသွားရင်ကျေနပ်ပီဗျ "

ဒီလူရဲ့စကားထဲမှာ သူကကိုယ့်အနေအထားကိုသိရှိပီးသားလူတစ်ယောက်လို့သံသယဝင်မိတာကြောင့် ပြေရာပြေကြောင်းပြန်ပြောရင်း ကားဝပ်ရှော့တကယ်ရှိမရှိအစ်ကြည့်လိုက်တဲ့အခါ...

" အကိုက ဒီလမ်းကြောင်းကိုမသိသေးလို့ထင်မယ်ဗျ ကျွန်တော်က သွားနေကျဆိုတော့
ကျွန်တော်လိုက်ပို့ပေးမယ်လေဗျ "

မောင်သည်သာ ( Complete) Where stories live. Discover now