မနက်မိုးလင်းလို့ နေရောင်ပြပြထိုးလာတဲ့
သူ့မျက်နှာပြင်ဝင်းဝင်းလေးကိုငေးကြည့်ရင်း
အရက်ရောဆုံးအနမ်းတစ်ပွင့်ကို မြတ်မြတ်နိုးနိုးပေးမိတယ်လှုပ်လာတဲ့မျက်တောင်လေးတွေကြောင့်
နေရာကမြန်မြန်ထပြီး ထွက်လာလိုက်တယ်နိုင့်ပါးစပ်က ကွာရှင်းပေးဆိုတဲ့ စကားသံကိုမကြားချင်ဆုံးမို့ မောင်နည်းနည်းရှောင်ပါရစေကွာ
.....
" ရာဇာ သခင်လေးထွက်သွားပီ "
အခန်းထဲ အပြေးအလွှားဝင်လာတော့ ရင်ကိုထိတ်သွားတာပဲ
" ဘာဖြစ်လို့လဲ အချစ်ရဲ့ "
" ဟာ အနိုင်နေမကောင်းပဲ သခင်လေးအပြင်သွားဖူးတာ ဒါပထမဆုံးလေ "
" ပြွတ်စ် အကိုနိုင် နေကောင်းသွားလို့နေမှာပေါ့ "
ကိုကြီးတို့နှစ်ယောက်ကြားထဲဝင်မပါချင်ဘူး
သူတို့က တစ်ယောက်နဲ့တစ်ယောက်ချစ်ကြပင်မဲ့
နှစ်ယောက်ထဲနဲ့ပဲ ဖြေရှင်းသင့်တယ်ထင်တယ်လေ
အပြင်လူတွေက ရှင်းပစ်ရင်ရပင်မဲ့
သူတို့နှစ်ယောက်ကတော့ ကိုယ်လဲမပြောတတ်" ငါစျေးသွားအုံးမယ်
အနိုင့်ကို အမဲစွပ်ပြုတ်လေးဖြစ်ဖြစ် လုပ်ကျွေးချင်တယ် "" မသွားရဘူး လိုချင်တာ ဒေါ်ခင့်ကိုမှာ "
ခက်ပြတ်ပြတ်အသံကြောင့် အံ့သြမိတာအမှန်
" ဘာဖြစ်လို့လဲ ငါအပြင်သွားလို့မရဘူးလား "
" မရဘူး နောက်ရက်ခရီးသွားစရာရှိတယ်
ကျုပ်နားပဲနေ "" ဟင် ဘယ်သွားမှာလဲ "
" အပြင်အလုပ်ရှိလို့ ၃ရက်လောက်ကြာမယ် "
" ဘယ်နေ့သွားမှာလဲ "
" မနက်ဖန် "
" ဟင် ချက်ချင်းကြီး ငါလိုက်လို့မရဘူးလားဟင်"
" မရဘူး အိမ်မှာပဲနေ အော်ကြိုပြောမယ်
ကျုပ်မရှိတဲ့ရက်အတွင်း ဝေးဝေးလံလံဘယ်မှမသွားနဲ့ "" ဘာအလုပ်လဲဟင် "
" ပါးပါးလေးပါ ဆိုးတဲ့သူတွေကို အပစ်သွားပေးမလို့ "
YOU ARE READING
မောင်သည်သာ ( Complete)
General Fictionအတွေ့အကြုံနည်းသေးတာမို့ သည်းခံပြီး အားပေးပါအုံးလို့ 👉👈