မောင်သည်သာ Part(62)

1.7K 87 10
                                    

" ကိုရာသက်ပန် ခနလောက်အိပ်လိုက်ပါလား
ရာဇာလဲ ခွဲခန်းကထွက်လာပီပဲ မနက်ကျသတိရလာမှာပါ အိပ်လိုက်နော် "

" ရပါတယ် သခင်လေးမဟာ ကိုယ်.."

" ကဲပါအကိုရာရယ် ခနတော့အိပ်လိုက်ပါ
ရာဇာ့ဘေးမှာကုတင်လွတ်ရှိနေတာပဲ နည်းနည်းတော့အိပ်လိုက်ပါနော် အကိုရာပါ ကျန်းမာရေးထိခိုက်ရင် ရာဇာလဲစိတ်ကောင်းမှာမဟုတ်ဘူးလေနော် "

" ဟို..ဒါဆို သူ့​ဘေးမှာပဲ မှောက်အိပ်လိုက်မယ်လေ နော် တော်ကြာသူနိုးလာရင်...လူမတွေ့ဖြစ်နေမှာဆိုးလို့ပါ "

" ဟုတ်ပါပီ အိပ်တော့အိပ်လိုက်နော်
တစ်ခုခုစားပြီးတာနဲ့ ဆေးသောက်အုံးနော် အကိုရာ ကျွန်တော်မနက်စောစောပြန်လာခဲ့မယ်နော် "

" အင်းပါ ရပါတယ် သခင်လေးသဒ္ဒါ အဆင်ပြေတဲ့အချိန်မှလာခဲ့ပါ "

" အင်းပါ အိပ်တော့အိပ်လိုက်နော် "

" ဟုတ်ကဲ့ပါ "

" ကိုရာသက်ပန် တစ်ခုခုလိုရင်ခိုင်းဖို့ အပြင်မှာလူနည်းစုထားခဲ့တယ် ရာဇာ့တပည့်လူရင်းလဲနေခဲ့မှာဆိုတော့ ဝန်မလေးနဲ့နော် ကိုရာသက်ပန် "

" အင်းပါ ကိုယ်တစ်ခုခုထူးရင် phဆက်မယ်လေ"

" ဟုတ်ပါပီ အိပ်ပျော်အောင်တော့အိပ်လိုက်ပါအုံး ဗိုက်ထဲမှာလဲ ကလေးနဲ့ဆိုတော့ ကိုရာသက်ပန်အားနည်းရင်မကောင်းဘူး "

" အင်းပါ အိပ်လိုက်ပါ့မယ် "

အသီးသီးပြန်သွားကြပီးနောက် မေ့မြောနေတဲ့
ရာဇာ့ကိုကြည့်ရင်း

" ဟင့် ငါ့ကြောင့် ငါ့ကြောင့်မင်းထိခိုက်ရတာ
ငါသာ စိတ်လောပြီး ကားလမ်းမကူးခဲ့ရင်...ဟင့်
ငါ...ငါ့ကိုမင်းအမြဲကယ်တင်နေရတာကြီးပဲ
ငါက မင်းအတွက် ဝန်ထုပ်ဝန်ပိုးသက်သက်ပါ...
ငါတောင်းပန်ပါတယ် မင်းရဲ့အခြေအနေက...
ဒီညစောင့်ကြည့်ပြီးမနက်ကူးနိုင်ရင်စိတ်ချရပီတဲ့
အားတင်းထားနော်...ဟင့်...
မင်းအခြေအနေစိတ်ချရရင်...ငါထွက်သွားမှာပါ
ငါတောင်းပန်ပါတယ်...ဟင့်..."

ယူကြုံးမရ ထပ်ပြီးဝမ်းနည်းတဲ့စိတ်ပဲဖြစ်လာတာမလို့...

" ငါက ငါက မင်းနဲ့မလိုက်ဖက်ဘူးထင်ပါတယ်
မင်းသာဖြစ်စေချင်ရင် ငါကွာရှင်းပေးဖို့လဲဝန်မလေးပါဘူး ငါ့ကြောင့်...ငါ့ကြောင့်..."

မောင်သည်သာ ( Complete) Where stories live. Discover now