💔1💔 { U }

6.8K 376 40
                                    

#အဓိပ္ပာယ် မရှိလိုက်လေခြင်း

ဘုန်း!!

ဆူညံနေသော စာသင်ခန်းတစ်ခုလုံး ထိုအသံကြောင့် တိတ်ဆိတ်သွားသလို အသံလာရာကို ကြည့်လိုက်တော့  *အပယ်ခံကြင်ယာတော်အား ကယ်တင်ခြင်း * ဆိုတဲ့ စာအုပ်ကို စားပွဲခုံပေါ် ဆောင့်ချကာ ဒေါသတကြီး ဖြစ်နေသော ကျောင်းရဲ့ ဒေါသအိုး ကျန်း၀မ်ရင်

- တောက်စ်! ​ေ-ာက်အဓိပ္ပာယ်ကို မရှိတာ၊ ချီး ဘုရင်! ဦးဏှောက်မရှိတဲ့ ဘုရင်၊ ခွေးဘုရင်!

- ကျန်းချန် ဘာဖြစ်တာတုန်းကွ!

- ဘာဖြစ်ရမှာသော လန်ဘုရင် လျှိုဟိုက်ခွမ်းပေါ့။ သူပဲ ချစ်လှပါချည် ကြိုက်လှပါချည် ပြောပြီး စစ်ခင်းပြီးတောင် ၀မ်ကျိုးချန် ကို ရအောင်ယူခဲ့တာ။ အခုကျတော့ သူ့ဟာမကြောင့် ၀မ်ကျိုးချန် ကို အပယ်ခံနန်းဆောင် ကို ပို့လိုက်တယ်တဲ့၊ -ိ့

- ဟုတ်ပါ့ အဲ့ဘုရင်ကို အရေခွံ့စုတ်ပြီး သတ်ပစ်ချင်တာ အူယား။ သူ့ဘာသာ အေးဆေးနေတဲ့ တပင်တိုင်မင်းသား လေးကိုမှ၊

- အဲ့ မင်းသားကလည်း ငတုံးငအ!ကိုယ်နဲ့ မျိုးတူလူကိုမှ သွားချစ်ရတယ်လို့၊ ဟိုက ဒီလောက် ရက်စက်တာကိုတောင် အပြုံးမပျက်ပဲ ငြိမ်ခံနေတယ်။ ​ေ-ာက်ရူး၊ အပယ်ခံ နန်းဆောင် ပို့ခံတာတောင် နည်းသေး!!!

၀တ္ထုထဲက လူတွေကို ရစရာ မရှိအောင် ဆဲနေသော ကျန်းချန် ကို ဘယ်သူမှ တားလို့ မရ၊ တားလိုက်ရင် သူတို့တွေပါ အဆဲမင်းသားပါးစပ်နဲ့ တွေ့နေလိမ့်မည်။

ဆရာ၀င်လာပြီမို့ စာအုပ်ကို လွယ်အိတ်ထဲ ထည့်ပြီး စာသာ လိုက်လုပ်နေလိုက်သည်။

ညနေကျောင်းဆင်းချိန် ရောက်တော့ သူငယ်ချင်း တစ်အုပ်စုလုံး အတန်းထဲမှ ထွက်လာကြသည်။ ကော်ရစ်ဒါ မှာ တစ်ယောက်နဲ့ တစ်ယောက် စနောက်နေရင်းမှ နောက်ပြန်လမ်းလျှောက်ရင်း ​လှေကားပေါ်ကနေ ခြေချော်ကာ ပြုတ်ကျတော့သည်

- ကျန်းချန် သတိထား!!!!

တားလိုက်ပေမယ့် မရတော့ပေ ကျွန်တော် ကျန်း၀မ်ရင် ဒီလောကကြီးက်ို နှုတ်ဆက်ချိန် တန်ပြီ ထင်တယ်။

အပယ်ခံကြင်ယာတော် အား ကယ်တင်ခြင်း / အပယ်ခံကြင်ယာတော် အား ကယ်တင်ခြင်း { U / Z }Where stories live. Discover now