💔10💔 { Z }

964 47 2
                                    

#ကွေ့ဖေးအား ရာထူးမှ ဖယ်ရှားတာ အပယ်ခံနန်းဆောင် သို့  ပို့ဆောင်လိုက်ခြင်း

ကျိုးချန် - ကျွန်တော်မျိုး မလုပ်ဘူး အရှင်

- ဘာမလုပ်ရမှာလဲ။ အရင်ရက်တွေက ကွေ့ဖေး နဲ့ ကျွန်မ ခွေးလေး အတူတူရှိနေတယ်ဆိုတာ နန်းတွင်းတစ်ခုလုံး သိတယ်။ မင်းကြီး ကွေ့ဖေး  က ကျွန်တော်မျိုးမ ချစ်ရတဲ့ ခွေးလေးကို အဆိပ်ကျွေးလိုက်တာပါ။

ကျိုးချန် - အရှင် ကျွန်တော်မျိုး မလုပ်ရပါဘူး။

ဟိုက်ခွမ်း - တော်ပြီ! ကွေ့ဖေး မင်း ဘာလို့ ပြဿနာတွေချည်း ရှာနေရတာလဲ။ မင်း ကိုယ်တော်ကို မကျေနပ်တာနဲ့ မိဖုရားတွေ ကို ပြဿနာ မရှာနဲ့

ကျိုးချန် - ကျွန်တော်မျိုး အဲ့လောက်ထိ အောက်တန်းမကျဘူး အရှင်၊

ဟိုက်ခွမ်း - တော်ပြီ မိဖုရားခေါင် သူ့ကို ဘယ်လို အပြစ်ပေးချင်လဲ

- ကျွန်တော်မျိုးမ ခွေးလေးမိတဲ့ အဆိပ်မျိုးကို ကွေ့ဖေးကို ပြန်တိုက်ပေးပါ မင်းကြီး

ဟိုက်ခွမ်း - ကောင်းပြီ! အထိန်းတော်ကြီး

- အမိန့်ရှိပါ မင်းကြီး

ဟိုက်ခွမ်း - သမားတော်ကို ခေါ်လာခဲ့

- အမိန့်တိုင်းပါ

အထိန်းတော်ကြီးထွက်သွားတော့ ကြမ်းပြင်ပေါ် ဒူးထောက်နေသော ကွေ့ဖေး ကို ကြည့်လိုက်တော့ သူ့ကို မျက်ရည်တွေ ဝိုင်းစွာ ကြည့်နေသော ကွေ့ဖေး ကြောင့် မျက်နှာလွှဲမိသည်။

လွန်ခဲ့တဲ့ ၂ပတ်က ကွေ့ဖေးအဆောင်ကို မျက်စိလည် လမ်မှာရောက်လာသော{အမှန်က မိဖုရားခေါင် ကိုယ်တိုင် ခွေးကို လာထားခြင်း} ခွေးလေးတစ်ကောင် ကို ကွေ့ဖေး က အလွန်ချစ်မြတ်နိုးတာမို့ အဆောင်မှာ မွေးဖို့ စီစဉ်ထားလေသည်။

ကွေ့ဖေးဆီမှာ ခွေးလေးရောက်တာ ၁၀ ရက်ပြည့်တဲ့ နေ့မှာပဲ မိဖုရားခေါင်ဟာ သူ့ခွေးဆိုပြီး ပြန်ခေါ်သွားသည်။ မိဖုရားခေါင် ဆီ ပြန်လိုက်သွားသော ခွေးလေးဟာ နောက်ရက် ကွေ့ဖေး အဆောင်ကို ပြန်ရောက်ခဲ့သည်။

နောက်ဆုံး တော့ ခွေးလေးကို မိဖုရားခေါင် ကိုယ်တိုင် အဆိပ်ခတ်လိုက်ပြီး ကွေ့ဖေးကို အပြစ်ပုံချခြင်း

အပယ်ခံကြင်ယာတော် အား ကယ်တင်ခြင်း / အပယ်ခံကြင်ယာတော် အား ကယ်တင်ခြင်း { U / Z }Where stories live. Discover now