💔7💔 { U }

2K 162 2
                                    

#ကွေ့ဖေး ကို ကြိုဆိုနေသော မသမာသူများ {1}

၀မ်တိုင်းပြည်မှာ ၃ရက်လောက်နေပြီးမှ လန်တိုင်းပြည်ကို ပြန်ဖို့ စီစဥ်ကြတော့သည်။

ကွေ့ဖေး နဲ့ အတူ ရီချန်း၊ အထိန်းတော်ရယ်၊ အပျိုတော် ၁၅ ယောက် နှင့် ကိုယ်ရံတော် ၁၅ယောက် သူတို့အားလုံး ကွေ့ဖေးကို လိုက်ပါစောင့်ရှောက်ရန်အတွက် ၀မ်မင်းကြီးမှ ထည့်ပေးလိုက်ခြင်း

ရတနာများစွာဖြင့် စီခြယ်ထားသောမြင်းလှည်း အတွင်း၀ယ် လန်မင်းကြီးနှင့် ကွေ့ဖေး ထိုင်နေကြသည်။

ကွေ့ဖေး က လန်မင်းကြီးအတွက် ကြာပန်းလက်ဖက်ရည်ကို ခွက်လေးထဲ ငှဲ့ထည့်ပေးပြီး

ကျိုးချန် - အရှင် ကြာပန်းလက်ဖက်ရည် သုံးဆောင်တော်မူပါ

ဟိုက်ခွမ်း - ကိုယ်တော့် ကွေ့ဖေးက သိတတ်လိုက်တာ။

ကျိုးချန် - အရှင် ကျွန်တော်မျိုး စိုးရိမ်ကြောင့်ကြမိနေတယ်။

ဟိုက်ခွမ်း - ဘာများကို စိုးရိမ်တာလဲ။ ကိုယ်တော့် ကို မယုံတာလား ကွေ့ဖေး။ ကိုယ်တော်က ကွေ့ဖေး ကို ကာကွယ်စောင့်ရှောက်မှာပါ

ကျိုးချန် - ဒါပေမယ်

ဟိုက်ခွမ်း - ရှူး ဘယ်သူတွေကမှ ကွေ့ဖေးကို ထိခိုက်အောင် မလုပ်နိုင်ဘူး။ ကိုယ်တော့်ကို ယုံ ဟုတ်ပြီလား

ကျိုးချန် - ဟုတ်ကဲ့

စိတ်အားငယ်နေသော အသစ်ဆက်ဆက် ကြင်ယာတော်လေးကို ရင်ခွင်ထဲ ဆွဲသွင်းကာ တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်သည်။

လန်တိုင်းပြည် ရဲ့ မြို့ထဲကို ၀င်တာနဲ့ ပြည်သူပြည်သားတွေက ၀မ်းပန်းတသာ ကြိုဆိုကြသည်။

- တော်၀င်ကြင်ယာတော် ပါတယ်ဆို၊ ဘယ်မှာများလဲ။ မြင်ဖူးချင်လိုက်တာ။

- တော်၀င်ကြင်ယာတော်က တအားချောတယ်လို့ ကြားတယ်။

- မင်းကြီးက တော်၀င်ကြင်ယာတော်ကို ရတနာကိုးပါးစီခြယ်ထားသော ခါးပတ်ကို ချီးမြှင့်တယ်ဆိုကတည်းက ကြင်ယာတော်အပေါ် ဘယ်လောက်ချစ်လဲ သိတာနေတာကို

ပြည်သူတွေရဲ့ စကားကို ကြားပြီး ကျိုးချန် ရင်ထဲ အပျော်လေးတွေ စီးဆင်းလို့နေသည်။

အပယ်ခံကြင်ယာတော် အား ကယ်တင်ခြင်း / အပယ်ခံကြင်ယာတော် အား ကယ်တင်ခြင်း { U / Z }Where stories live. Discover now