💔15💔 { Z }

844 48 2
                                    

#ကိုယ်တော့်ကို အဲ့လောက်ထိတောင် မုန်းနေတာလား

ဝမ်တိုင်းပြည်မှာ တပတ်တိတိ နေပြီးမှ လန်တိုင်းပြည် ကို ပြန်လာခဲ့သည်။ 

လမ်းတစ်လျှောက်မှာလည်း လန်မင်းကြီး ရဲ့ သည်းသည်းလှုပ်ခြင်းကို ရဲမတ်တွေ အမြင်ကပ်နေသည်။ လှည်းကို အမြန်မမောင်းနဲ့၊ ကွေ့ဖေး အိပ်နေတယ် မဆူညံနဲ့ တဲ့ အစရှိတဲ့ ကန့်သတ်ချက်တွေ အပြင် လိပ်သွားနှုန်း နဲ့ သွားနေတာ ဘယ်အချိန် မှ တိုင်းပြည် ကို ပြန်ရောက်မည် မသိ။

- မင်းကြီး

ဟိုက်ခွမ်း - အင်း

- ကျွန်တော် တို့  နန်းတော် ကို အမြန်ပြန်မှ ဖြစ်မယ်။

ကျိုးချန်  - ပြန်လေ။ လှည်းစီးရတာ ကြာတော့ ညောင်းလာပြီ။ လိပ်တောင် အဘိုးခေါ်တော့မယ်။

စူပုတ်ပုတ်နဲ့ ပြောလာသော ကွေ့ဖေး ကြောင့် ယောင်း နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်မိသည်။ မင်းကြီး ကို နိုင်တာ ကွေ့ဖေး ပဲ ရှိတယ်။

ဟိုက်ခွမ်း - ကိုယ်တော်က ဒီထဲက ကလေးလေး တစ်ခုခု ဖြစ်မှာ

ကျိုးချန် - ဘာမှ မဖြစ်ဘူး။ ဒီမှာ ညောင်းလွန်းလို့ ဖင်တောင် ပုတ်တော့မယ်။

တင်ပါးလေးကြွကာ ပြောလာသူကြောင့် ယောင်း တစ်ဖက်လှည့်သွားသည်။ မင်းကြီး ကတော့ ကွေ့ဖေး ကို ကြည့်ကာ

ဟိုက်ခွမ်း - ကွေ့ဖေး အပြုအမူတွေ ပြောင်းလဲသွားတယ်။

ကျိုးချန် - ဟမ်! ဘယ်...ဘယ်နား ပြောင်းလဲ လို့လဲ အဟမ်း

ချောင်းတွေ ထဆိုးပြီး ရှေ့က စပျစ်သီးပန်းကန်ထဲက စပျစ်သီး တစ်လုံးကို ယူကာ ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။

လန်မင်းကြီး ကတော့ သူ့ကွေ့ဖေး ကို အသေအချာကြီးကို စိုက်ကြည့်နေသည်။

ဟုတ်တယ် သူရဲ့ ကွေ့ဖေး က အရမ်းကို ပြောင်းလဲ သွားတယ်။ အပြုအမူ အပြောအဆို အကုန် အကုန် ကို ပြောင်းလဲ သွားတာ။ 
💔💔💔💔💔💔💔💔💔💔
လန်တိုင်းပြည် ကို ပြန်ရောက်တော့ မင်းကြီး ဟာ အားလုံးကို ​ကြော်ငြာစရာ ရှိတယ် ဆိုလို့ အကုန်လုံး နန်းရင်ပြင် ကို ရောက်လာကြသည်။

အပယ်ခံကြင်ယာတော် အား ကယ်တင်ခြင်း / အပယ်ခံကြင်ယာတော် အား ကယ်တင်ခြင်း { U / Z }Where stories live. Discover now