💔6💔 { U }

2.3K 188 1
                                    

#အမျိုးသားကြင်ယာတော် ကို ကွေ့ဖေး ဘွဲ့ ချီးမြှင့်တာလား

၀မ်ဘုရင်ကြီး  သူနဲ့ ခပ်လှမ်းလှမ်းမှာ ထိုင်နေသော သားတော်ဖြစ်သူနဲ့ လန်မင်းကြီး ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။

တိုင်းပြည်အသီးသီးမှာလည်း ထိုသတင်းဟာ မွှေးနေသည်။ စုန့်တိုင်းပြည်က ဘုရင်ကတော့ ထိုသတင်းကြားတာ နန်းတွင်းထဲ သောင်းကျန်းနေတယ်လို့တော့ ကြားမိ

ဘယ်လိုပဲ သဘောမတူပါဘူး ဆိုဆို အခုချိန်မှာ ထသောင်းကျန်းလိုက်ရင် ၀မ်တိုင်းပြည်ဟာ မီးလောင်တိုက် သွင်းခံရတော့မဲ့ အခြေအနေ၊ ပတ်ပတ်လည်လည်တွင်လည်း လန်စစ်တပ်က ၀န်းရံထားသည်။

ပြီးတော့ သူတို့ လက်ထဲမှာ မင်းသမီးတော်တွေက ရှိနေသေး!!

ဟိုက်ခွမ်း - မင်္ဂလာပွဲ ကို ဒီမှာတစ်ပွဲ ကျင်းပ မယ်။ ပြီးရင် လန်မှာ တစ်ပွဲ ကျင်းပမယ်။

- ကိုယ်တော့် သားတော်ကို မင်းကြီးလက်ထဲ အပ်ပါတယ်။

ဟိုက်ခွမ်း - ပျက်စီးဆုံးရှုံးသွားသော အဖိုးအခတွေကို လန်တိုင်းပြည်ဘက်က ပြန်လျော်ပေးပါမယ်။ ပြီးတော် ကြင်ယာတော်ကို ရွှေစင်သေတ္တာ အလုံး ၅၀၊ ငွေစင် သေတ္တာ အလုံး ၅၀၊ ကျောက်မျက်ရတနာ သေတ္တာ အလုံး ၇၀ နဲ့ တင်တောင်းပါတယ်။

- ကိုယ်တော့် သားတော်ကို အခုလို တင်တောင်းတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် တင်တောင်းငွေတွေကို လက်မခံပါရစေနဲ့။

ဟိုက်ခွမ်း - ကိုယ်တော်က ကြင်ယာတော်ကို ချစ်မြတ်နိုးလို့ တင်တောင်းတာပါ။

ကျိုးချန် - မင်းကြီး ရဲ့ မေတ္တာကို နားလည်ပါတယ်။ ဒီပစ္စည်းတွေကို မရှိတဲ့ နေရာတွေမှာ လှူဒါန်းလိုက်တာ အသုံး၀င်မယ်လို့ ကျွန်တော်ထင်ပါတယ်။

ဟိုက်ခွမ်း တစ်ချက်စဥ်းစားလိုက်ပြီးနောက်

ဟိုက်ခွမ်း - ကောင်းပါပြီ ကိုယ်တော် တို့ မင်္ဂလာပွဲ ကျင်းပပြီးရင် အဲ့တာတွေကို မရှိဆင်းရဲသားတွေကို ကိုယ်တော် တို့ အတူတူ လှူဒါန်းကြတာပေါ့။

ပွဲအတွက်စီစဥ်စရာရှိတာတွေ တိုင်ပင်ဆွေးနွေးပြီးနောက် မှာတော့ ဟိုက်ခွမ်း က သူနားရမဲ့ အဆောင်တော်ကို ပြန်သွားသည်။ ကျိုးချန် ကတော့ ခန်းမဆောင်ထဲမှာ ကျန်ခဲ့လေရဲ့

အပယ်ခံကြင်ယာတော် အား ကယ်တင်ခြင်း / အပယ်ခံကြင်ယာတော် အား ကယ်တင်ခြင်း { U / Z }Where stories live. Discover now