💔21💔 { U }

1.8K 164 14
                                    

#ဇာတ်သိမ်းပိုင်း ကို မကျေနပ်ဘူး လန်ရှီးချန်!!

ကျန်းချန် အိမ်ပြန်ရောက်တာနဲ့ အ၀တ်အစားတောင် မလဲနိုင်ပဲ လွယ်အိတ်ထဲ အပယ်ခံကြင်ယာတော်အား ကယ်တင်ခြင်း Novel စာအုပ်ကို ထုတ်ကာ စာကြည့်စားပွဲထိုင်ခုံ မှာ ထိုင်ပြီး အပီအပြင် ဖတ်တော့သည်။

သူ ဇာတ်သိမ်းပိုင်းကို တအားသိချင်နေမိပြီ။ ကွေ့ဖေးက တကယ်ပဲ လန်မင်းကြီးကို သတ်လိုက်သလား။

သူဖတ်ထားရာကနေ စဖတ်ကာ ပါးပြင်တစ်လျှောက် မျက်ရည်စီးကြောင်းနဲ့ ။

<<<Novel Side>>>

နိုင်ငံတော်ပုန်ကုန်သူ စစ်သေနာပတိချုပ်နဲ့ သူ၏ အပေါင်းအပါ အားလုံးကို ဆွေစဥ်မျိုးဆက် ခေါင်းဖြတ်ကွပ်မျက်ကာ ရက်၁၀၀ တိတိ ဦးခေါင်းတွေကို မြို့ပြင်၌ ချိတ်ဆွဲထားသည်။

မိဖုရားခေါင်နဲ့ ဒုတိယမိဖုရားကိုတော့ အဆောင်အယောင်တွေ အားလုံးသိမ်းကာ နယ်နှင်ဒဏ်ပေးလိုက်သည်။

အခြေအနေတွေ အားလုံး တည်ငြိမ်အေးဆေးသွားပေမယ့် အခုချိန်ထိ ဘုရင်နေရာက  လစ်ဟင်းနေတုန်း။ လန်မင်းကြီးကလည်း ထိုပလ္လင်ထက် တတ်မထိုင်တော့၊ သို့သော် တိုင်းရေးပြည်ရေး ကိစ္စကိုတော့ သူပါ၀င်ဆွေးနွေးပေးလျက်ရှိ၏

လန်မင်းကြီး နဲ့ ကွေ့ဖေး ဆက်ဆံရေးက အက်ကွဲနေသော မှန်တစ်ချပ်ပေါ် လမ်းလျှောက်နေရသလိုပါပဲ။

၀မ်တိုင်းပြည်ကို ပြန်ချင်ပေမယ့် ငယ်လွန်းသေးသော သားတော်လေးကြောင့် လန်တိုင်းပြည်မှာ သောင်တင်နေခြင်း

အခုလည်း သားတော်လေးကို ချော့မြူနေတုန်း လန်မင်းကြီး ရောက်လာကာ နှစ်ယောက်က စကားများနေကြခြင်း ဖြစ်သည်။

ကလေးကိုတော့ အထိန်းတော်တွေ လက်ထဲ ထည့်ပေးကာ အဆောင်တော်ထဲမှ ထွက်သွားခိုင်းပြီး အခုထိ မျက်နှာထားတည်နေသော သူကို နူးညံ့ညင်သာစွာ ခေါ်ဆိုလိုက်ပြီး

ဟိုက်ခွမ်း - ကွေ့ဖေး!!

ကျိုးချန် - မခေါ်နဲ့ ကျွန်တော့်ကို ကွေ့ဖေး လို့ မခေါ်နဲ့ လန်မင်းကြီး

အပယ်ခံကြင်ယာတော် အား ကယ်တင်ခြင်း / အပယ်ခံကြင်ယာတော် အား ကယ်တင်ခြင်း { U / Z }Where stories live. Discover now