💔5💔 { U }

2.4K 237 3
                                    

#တပင်တိုင် မင်းသား က လက်နက်ချကာ လန်တိုင်းပြည်ကို ပါသွားခဲ့ပြီ

- သတင်းပို့ပါတယ်။ မင်းကြီး လန်တိုင်းပြည် က စစ်ခင်းလာပါတယ်

မနက်ခင်းညီလာခံ လုပ်နေချိန် ဆက်သားလေးရဲ့ သတင်းကြောင့် ညီလာခံ ခန်းမမှာ ရှိနေကြသော သူတွေ အားလုံး ထိတ်လန့်သွားသည်။

ဒါ သူတို့ လန်တိုင်းပြည်ကို ငြင်းလိုက်တဲ့ အကျိုးဆက်လား

- ဘာ

ကျိုးချန် - စစ် စစ်ခင်းတယ်။ ဖခမည်းတော်

- စစ်သည်တွေကို စုပြီး စစ်တိုက်ဖို့ အဆင်သင့်ပြင်

ကျိုးချန် - ဖခမည်းတော်! စစ်တိုက်ရင် ပြည်သူတွေ အထိနာလိုက်မယ်။ သားတော်တို့ ညှိနှိုင်းကြည့်ရင်ရော

- ညှိနှိုင်းမယ်။ အိမ်ရှေ့စံမင်းသား နောက်နေတာလား။ ကျွန်တော်တို့ဘက်က ငြင်းထားတဲ့ အတွက် အဲ့ဘက်က စစ်တိုက်လာတာပါ။

ကျိုးချန် - ကျွန်တော့်ကြောင့်နဲ့တော့ တိုင်းပြည်ကို အပျက်အစီး မခံနိုင်ဘူး။ လန်မင်းကြီး ကို သေချာ ပြောပြမယ်။

- နောက်ကျသွားပြီ သားတော်! စစ်ရေးအမတ်ကြီး ပြည်သူတွေကို ဘေးလွတ်ရာကို ပြောင်းရွေ့ထားခိုင်းလိုက်။ ကိုယ်တော် ကိုယ်တိုင် စစ်ထွက်တိုက်မယ်။ ပြီးတော့ အိမ်ရှေ့စံမင်းသားကို စုန့်တိုင်းပြည်ကို ပို့လိုက်ပါ။

ကျိုးချန် - ဖခမည်းတော်! သားတော်က ဘာကြောင့်များ စုန့်တိုင်းပြည်ကို သွားရမှာလဲ။ ဒီကိစ္စက သားတော်ကြောင့် ဖြစ်လာရတာ။ သားတော် ကျတော့ ကိုယ်လွတ်ရုန်းပြီး စစ်သည်တော်တွေကို သေတွင်းထဲ ပို့ရမှာလား

- အိမ်ရှေ့စံမင်းသား အသက်ရှင်နေသရွေ့ ဒီစစ်သည်တော်တွေကလည်း အသက်ရှင်နေမှာပါ။

- ကျွန်တော်မျိုး သေချင်သေသွားပါစေ အိမ်ရှေ့စံမင်းသားကိုတော့ ရက်စက်ယုတ်မာ တဲ့ ဘုရင် လက်ထဲ မထည့်နိုင်ပါဘူး ဘုရား

ကျိုးချန် - မဟုတ်သေးပါဘူး။

- အိမ်ရှေ့စံမင်းသား တောင်းပန်ပါတယ်။

အပယ်ခံကြင်ယာတော် အား ကယ်တင်ခြင်း / အပယ်ခံကြင်ယာတော် အား ကယ်တင်ခြင်း { U / Z }Where stories live. Discover now