💔14💔 { U }

1.9K 171 5
                                    

#မီးထွန်းပွဲတော်မှာ ရရှိခဲ့သော ချိုမြိန်လှတဲ့ အနမ်းတစ်ပွင့်

ကျိုးပြည်က သံတမန်ကို ခရီးဦးကြိုဆိုပြီး

ဟိုက်ခွမ်း - မောင်မင်း ရောက်လာတော့ ကိုယ်တော် အခက်တွေ့သွားတယ်။

- ဘာများ အခက်တွေ့တာပါလဲ မင်းကြီး

ဟိုက်ခွမ်း - ကိုယ်တော်ရဲ့ ကွေ့ဖေး ဆီ လိုက်သွားမလို့လေ။

- ဟားဟား ကျွန်တော်မျိုး တောင်းပန်ပါတယ်ဗျာ။ ဒီည ကျွန်တော် ပြန်တော့မှာပါ။

ဟိုက်ခွမ်း - အင်း မြန်မြန်ပြန်တာ အကောင်းဆုံး။ လမ်းခရီး ဖြောင့်ဖြူးပါစေ

သံတမန်နေရာမှာ တခြားသူတာဆို သေချာပေါက် စိတ်ဆိုးမှာ အမှန်! အခုက ကိုယ့်ရဲ့ သူငယ်ချင်း မို့ ဘာမှ မဖြစ်!

သံတမန် ပြန်သွားတော့မှ မင်းကြီးလည်း ၀မ်တိုင်းပြည်ကို ခရီးနှင်ခဲ့သည်။

မရပ်မနား မအိပ်မနေပဲ ခရီးနှင်လာတာ ၃ ရက်မြောက်နေ့မှာပဲ ၀မ်တိုင်းပြည်ကို ရောက်တော့သည်။

၀မ်မင်းကြီး လည်း အနည်းငယ် ကျန်းမာရေး ပြန်ကောင်းလာပြီမို့  အရင်လို နန်းတွင်းရေးတွေ ပြန်လုပ်နိုင်နေပြီ

- မင်းကြီး! လန်တိုင်းကြီး က မင်းကြီး ရောက်လာပါတယ်။

ညီလာခံ ခန်းမထဲက လူတွေ အကုန် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ

- ကွေ့ဖေးကို မခွဲနိုင်လို့ လိုက်လာတာထင်တယ်။

ဆိုတဲ့ စကားက ညီလာခံခန်းမထဲ ကျွတ်စီညံနေသည်။

ဟိုက်ခွမ်း - မင်းကြီး ကို ဂါရ၀ပြုပါတယ်။

- ထပါ လန်မင်ကြီး! အကြောင်းမကြား ဘာမကြားပဲ ရောက်လာတော့ ခရီးဦး မကြိုနိုင်တာ ဒီလူအိုကြီးက တောင်းပန်ပါတယ်။

ဟိုက်ခွမ်း - ရပါတယ်။ ကျွန်တော် ကွေ့ဖေး ကို လာတွေ့တာပါ။

- သားတော်က အနောက်ဘက်ဥယျာဥ်ထဲမှာ ရှိတယ်။ အထိန်းတော်ကြီး လန်မင်းကြီး ကို လိုက်ပို့ပေးလိုက်။

- အမိန့်တိုင်းပါ မင်းကြီး! လန်မင်းကြီး ကြွပါ

ဟိုက်ခွမ်း - ဒါဆို ကျွန်တော့်ကို ခွင့်ပြုပါအုံး

အပယ်ခံကြင်ယာတော် အား ကယ်တင်ခြင်း / အပယ်ခံကြင်ယာတော် အား ကယ်တင်ခြင်း { U / Z }Where stories live. Discover now