💔26💔 { U }

1.8K 144 3
                                    

#ကျွန်တော် လည်း ခင်ဗျားကို ချစ်တယ်

နေ့တိုင်း ညတိုင်း ကျန်း၀မ်ရင် ကို နှောင့်ယှက်နေသူ ရှိတယ်။ အဲ့တာက လန်ရှီးချန် ပဲ။

ကျန်း၀မ်ရင် အချစ်မှ မရရင် သူသေတော့မှာပါဆိုပြီး post တွေလည်း တင်သလား မမေးနဲ့

သူ့Fan တွေက ကျန်းချန် ကို Mention ခေါ်ကာ တို့သာသာ ကို ချစ်ပေးပါလား။ တို့သာသာ ကို ရှင်မှ မချစ်ရင် တို့တွေလည်း သူ့စာတွေ ဖတ်ရတော့မှာ မဟုတ်ဘူး ဘာညာ နဲ့

လန်ရှီးချန် တင် ဒွာမာခင်းတတ်တာ မဟုတ် သူ့Fan တွေပါ ဒွာမာခင်းတတ်တယ်။ မသိရင် ကိုယ်က လူဆိုးကြီး ကျလို့!!

ဝေ့ - ကျန်းချန် ဒီကိစ္စက ပြီးတော့မှာလား

ကျန်းချန် - ငါမှ မသိတာ။

ဟွိုက် - မသိဘူး မပြောနဲ့ ကျန်းချန်။ မင်း လန်ရှီးချန် ကို မချစ်ရင် ပြတ်ပြတ်သားသား ငြင်းလေ။ မင်းဘက်က မငြင်းပဲ ထားတော့ သူ့ကို မျှော်လင့်ချက်တွေ ပေးနေသလို မဖြစ်ဘူးလား။

၀မ်းနင် - ဟုတ်တယ် ကျန်းချန်။ ငါသာ မင်းနေရာမှာဆို အဘက်ဘက်က ပြည့်စုံတဲ့ ဆရာလန်ရှီးချန် ကို အဖြေပြန်ပေးလိုက်ပြီ။

ဝေ့ - တကယ်တန်း ပြောရရင် ဆရာလန်ရှီးချန် ဘက်က တအားနစ်နာတယ်။

ကျန်းချန် - ဘာလို့လဲ။

ဝေ့ - ဆရာလန်ရှီးချန်က အေးအေးဆေးဆေး လေး နေတဲ့သူ။ မင်းက တဇွတ်ထိုး တဇောက်ကန်း။ အဆဲဆို လာထား မိုးမွှန်နေတာပဲ။ ချင်းချိုး နဲ့ မင်းနဲ့ တစ်ခန်းထဲ မကျတာ ကံကောင်း။ မဟုတ်လို့ကတော့ ငါတို့ အခန်းလေး အဆဲသံတွေနဲ့ နေ့တိုင်း ပြည့်နေမှာ

ကျန်းချန် - ဒီကောင် ဝေ့ဝူရှန့်!!!

ရွှယ်ယမ် - ကျန်းချန် ဟိုမှာ မင်းလူကြီးလာပြီး

ရွှယ်ယမ် မေးငေါ့ပြရာကို လှမ်းကြည့်လိုက်တော့ ပြုံးပြုံး ပြုံးပြုံး နဲ့ လျှောက်လာသော လန်ရှီးချန်

နေပါအုံး သူက ဘာလို့ ၁၂ ရာသီပတ်လုံး ပြုံးနေရတာလဲ။ သူ့အစား ပါးစောင်တွေတောင် တောင့်တယ်။

ရှီးချန် - ၀မ်ရင် ကိုယ့်အသက်လေး

ကျန်းချန် - -ိ့ ဘယ်လိုတွေ ခေါ်နေတာတုန်း။ ကြက်သီးထစရာကြီး

အပယ်ခံကြင်ယာတော် အား ကယ်တင်ခြင်း / အပယ်ခံကြင်ယာတော် အား ကယ်တင်ခြင်း { U / Z }Where stories live. Discover now