💔22💔 { U }

1.8K 163 7
                                    

#ကိုယ်ဖန်တီးထားသော ဇာတ်လမ်းထဲ ရောက်သွားခြင်း

ကျန်းချန် တစ်ယောက် အခဲမကြေနိုင်စွာဖြင့် လန်ဟွားစာအုပ်တိုက် ကို သွားကာ လန်ရှီးချန် ကို ရန်သွားလုပ်သည်။

ကျန်းချန် - ဇာတ်လမ်းကို ပြန်ပြင်လို့။ အဲ့ဇာတ်သိမ်း မကြိုက်ဘူး။

ရှီးချန် - ပြန်ပြင်လို့မှ မရတော့တာ အားချန်ရာ။

အရင်က အပြုံးကိုယ်တော်လို့ အမည်တွင်တဲ့ လူက အခုတော့ မပြုံးနိုင်တော့ပေ။  ဒီဇာတ်လမ်းရေးတုန်းက သူ အများကြီး စိတ်ညစ်ခဲ့ရတာ။ အခုက ပိုစိတ်ညစ်ရတယ်။

ဘာကိစ္စမင်းကြီးကို သတ်ရတာလဲ ဘာညာနဲ့။ ဘယ်လိုပဲ ဇာတ်အိမ်ပြောင်းပြောင်း ဒီလန်မင်းကြီးက သူရဲ့ကွေ့ဖေး လက်ချက်နဲ့ပဲ သေရမှာ။ ဒါကို ဒီကောင်လေး က ဘာလို့ ပြဿနာရှာရတာလဲ။

ရှီးချန် - အားချန် ကိုယ် ဒီဇာတ်လမ်း ကို ဘယ်လို ပြောင်းပြောင်း မင်းကြီး ရဲ့ ကံဇာတာကိုက ကွေ့ဖေး လက်ချက်နဲ့ သေရမဲ့ ကံဇာတာ။

ကျန်းချန် - ကွေ့ဖေး ကြောင့် သေရမယ်ဆိုလည်း ကွေ့ဖေး ကို လန်မင်းကြီး မသတ်ကြောင်းလေးတော့ ပါသင့်တယ်မလား။ Extra အနေနဲ့ ရေပေး။ Extra မှာ ကွေ့ဖေးကို ဘယ်သူက လုပ်ကြံခိုင်းတယ်ဆိုတာ ဖော်ပြသင့်တယ်။

လန်ရှီးချန် စိတ်အကြီးကြီး ညစ်လာပြီ။

ကျန်းချန် - ခင်ဗျား ဒီဇာတ်လမ်း ကို Muhua ပါ ထုတ်မယ်လို့ ကျွန်တော် ကြားတယ်။ ဒီဇာတ်လမ်း ပေါက်စေချင်ရင် Extra လေး အရင်ရေးပါလား။

ရှီးချန် - ဟူး ကောင်းပြီ ကောင်းပြီ၊ Extra ရေးပေးမယ် သိလား။

ကျန်းချန် - ဒီလိုမှပေါ့။ ကျွန်တော် အိမ်ပြန်တော့မယ်။ ခင်ဗျား ရဲ့ Extra ကို မျှော်နေမယ်။ Bye

ရှီးချန် ကို နှုတ်ဆက်ပြီး အခန်းထဲက ခုန်ပေါက်ကာ ထွက်လာလိုက်သည်။ ကျန်ခဲ့သော ရှီးချန် မှာတော့

ရှီးချန် - ဟင်း ဒီကောင်လေး တကယ်မလွယ်ကြောပဲ။ Extra မရေးမပေးခြင်း ပြဿနာ လာရှာလောက်တယ်။

ရှီးချန် ဇာတ်လမ်းရေးဖို့ Laptop ကို ဖွင့်လိုက်ပြီး ဇာတ်လမ်းစရေးဖို့ ကီးဘုတ်ပေါ် လက်ချောင်းလေးတွေ တင်လိုက်တော့

အပယ်ခံကြင်ယာတော် အား ကယ်တင်ခြင်း / အပယ်ခံကြင်ယာတော် အား ကယ်တင်ခြင်း { U / Z }Where stories live. Discover now