💔13💔 { U }

2K 188 9
                                    

#ကွေ့ဖေး မှာ နန်းသွေးလေးရှိနေပြီ!!!

လန်မင်းကြီး က ၀မ်တိုင်းပြည်ကို သွားခွင့်ပြုလိုက်တဲ့ အတွက် ကြင်ယာတော် ရဲ့ အထိန်းတော်တွေ ဟာ သိမ်းစရာရှိတဲ့ ပစ္စည်းတွေ သိမ်း၊ လမ်းခရီးအတွက် လိုအပ်တဲ့ အစားအစာတွေ လုပ်သူက လုပ်နဲ့

ကြင်ယာတော်ကတော့ အေးဆေးငြိမ်သက်စွာဖြင့် သူရှေ့က စပျစ်သီးတွေကိုသာ စားနေသည်။

အခုတလော ကြင်ယာတော် အစားတွေ အများကြီး စားလာတယ်။ ဘာဖြစ်မှန်းကို မသိဘူး။ စားပြီးရင်လည်း ထပ်စားချင်နေတာ။

ပြီးတော့ အချိန်ပြည့်လည်း အိပ်နေတာ။ ​ပြောရ ရင်တော့ ဒီတလော ကြင်ယာတော်က အရမ်းကို အပျင်းထူနေတာ..

ကျိုးချန် - ရီချန်း

- အမိန့်ရှိပါ ကြင်ယာတော်

ကျိုးချန် - ကိုယ်တော် အိပ်ချင်တယ်။ အဲ့တာ အဆောင်တော်ထဲက လူတွေကို အပြင်ထွက်ခိုင်းလိုက်တော့

- ဟုတ်ကဲ့ !! အားလုံး ထွက်သွားကြတော့ ကြင်ယာတော် စက်တော်ခေါ်မလို့

- အမိန့်တိုင်းပါ

လုပ်လက်စ အလုပ်တွေကို ရပ်ကာ အကုန်လုံး အပြင်ထွက်သွားကြသည်။ ကြင်ယာတော် သလွန်ပေါ် မှာ လဲလျောင်းလိုက်တာနဲ့ ရီချန်း က ဇာပုဝါတွေကို ချပေးကာ ကြင်ယာတော် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားမှ အပြင်ဘက်ထွက်လာခဲ့သည်။

တိမ်ခိုးတိမ်ငွေ့တွေဖြင့် ဖုံးလွှမ်းနေသော နေရာတစ်နေရာ သို့ ရောက်ရှိသွားချိန်  သူ့ကို ကျောပေးရပ်ထားသော လူတစ်ယောက်၊

၀တ်ထားသော အဖြူရောင်၀တ်စုံလေးမှာ သွေးတွေ က ချင်းချင်းနီရဲလို့၊

{A/N ဒီနေရာမှာ ကျန်းချန် လို့ သုံးပါမယ်နော်}

ကျန်းချန် - ဟို ဘယ်သူလဲ မသိဘူး။

သူ အသံပြုလိုက်မှ ထိုသူဟာ သူဘက်ကို တဖြည်းဖြည်းချင်း လှည့်လာသည်။ ထိုသူရဲ့ မျက်နှာကို တွေ့လိုက်ရတဲ့ တစ်ခဏ မှာ ကျန်းချန် ခြေလှမ်းတွေ နောက်သို့ ဆုတ်မိသွားသည်။

ကျိုးချန် - တွေ့ရတာ ၀မ်းသာပါတယ် ကျန်း၀မ်ရင်

ကျန်းချန် - ကြင်...ကြင်ယာတော် ၀မ်ကျိုးချန်!!!

အပယ်ခံကြင်ယာတော် အား ကယ်တင်ခြင်း / အပယ်ခံကြင်ယာတော် အား ကယ်တင်ခြင်း { U / Z }Where stories live. Discover now