💔2💔 { U }

3.1K 317 8
                                    

#ကြင်ယာတော် က နန်းသွေးမွေးပေးနိုင်တယ်

အလွန်မွှေးပျံ့လွန်းလှသော ရနံ့ကြောင့် ကျိုးချန် အိပ်နေရာမှ နိုးလာခဲ့သည်။

ကျိုးချန် - ဝါး မွှေးနေတာပဲ

- မင်း နိုးလာပြီလား

အဲ့တော့မှ မိမိအရှေ့မှာ ကြက်ကင် ကင်နေသော မျက်နှာဖုံးစွတ် နဲ့ လူကို တွေ့လိုက်ရသည်။ ထိုသူက မည်သူနည်း

ကျိုးချန် - ကျွန်တော်ကို အသင် ကယ်လိုက်တာလား။

- အင်း မင်း ဟိုသစ်ပင်မှာ ချည်ခံထားရလို့၊

ကျိုးချန် - ကျေးဇူးတင်ပါတယ်။

*ဝေ့ ရှောင်လီ သူက ဘယ်သူလဲ*

*ခနလေး Host ကျွန်တော်ရှာလိုက်အုံးမယ်။*

နားထဲတီတီ ဆိုတဲ့ အသံတွေကြားလိုက်ရပြီး မကြာ

*Host သူ ဘယ်သူလဲ ဆိုတာ ကျွန်တော်လည်း မသိပါဘူး*

*ဟင်*

ကျိုးချန် - အသင် ကို ဘယ်လိုခေါ်ရမလဲ။

- နောက်တစ်ခေါက်ပြန်တွေ့မှ အမည်မိတ်ဆက်ပေးပါမယ် ကြင်ယာတော်

ကျိုးချန် - ကြင်ယာတော်! အသင် ကျုပ်ကို သိတယ်ပေါ့

- သိတာပေါ့ ရော့ ကြက်ကင်

ကျိုးချန် - ကျေးဇူး မွှေးနေတာပဲ

လက်ထဲရောက်လာသော ကြက်ကင်ကို အနံ့ခံလိုက်ပြီးနောက် မြိန်ရည်ရှက်ရည် စားသောက်တော့သည်။

*Host စားကောင်းလား*

*စားကောင်းတယ် အရမ်းကို စားကောင်းတယ်*

*အရမ်းမစားနဲ့ အဆိပ်ခတ်ထားရင် ဘယ်လိုလုပ်မလဲ*

ကျိုးချန် - အဟွတ် အဟွတ်

- ရလား ဖြေးဖြေးစားလေ

ထိုသူဟာ ကျိုးချန် ရဲ့ ကျောလေးကို ပုတ်ပေးပြီး ရေပါ တိုက်လိုက်သည်။ ကျိုးချန် အဆင်ပြေသွားတော့မှ ကြက်ကင် ကို ထိုသူ့ထံ လှမ်းပေးလိုက်တော့

- ဘာလဲ

ကျိုးချန် - အသင်ရော မစားဘူးလား။

- ကျွန်တော်စားပြီးပြီ၊ ၂ကောင်တောင်။

အပယ်ခံကြင်ယာတော် အား ကယ်တင်ခြင်း / အပယ်ခံကြင်ယာတော် အား ကယ်တင်ခြင်း { U / Z }Where stories live. Discover now