💔12💔 { U }

2.1K 204 12
                                    

#မင်းကြီး ရဲ့ အယုအယတွေကြား မပျော်၀င်စမ်းနဲ့

ဒုတိယမိဖုရားရဲ့ အ​ကြောင်းကို ကြားပြီး အားလုံးက မယုံကြည်နိုင်ကြပေ၊

- တကယ်ပဲ မိဖုရားက ဒဏ်ပေးခံလိုက်ရတာလား။

- အဟုတ်ပါဆို။ ဒုတိယမိဖုရားက ကြင်ယာတော်ကို အစေခံတွေနဲ့ ရိုက်ခိုင်းတာတဲ့။

- ဟုတ်တယ်။ ကြင်ယာတော် ရဲ့ မျက်နှာတော်လေးများ ဖူးယောင်ညိုမဲစွဲနေတာ

- ဟင်း မိန်းမတွေ ကြောက်ဖို့ ကောင်းလိုက်တာ။ ဒါနဲ့ နေပါအုံး နန်းသွေးကို ကြင်ယာတော်က မွေးပေးနိုင်တယ်ဆို အဲ့တာ ဟုတ်လား

- အဲ့လိုတော့ ကြားတာပဲ။

လန်မင်းကြီး အရပ်၀တ်လဲကာ မြို့ထဲကို စစ်ဆေးရေး ၀င်ရင်း စားသောက်ဆိုင် တစ်ဆိုင်မှာ ၀င်ထိုင်တုန်း ကိုယ့်အနောက်က ​စကား၀ိုင်းလေးကြောင့် ရယ်ချင်စိတ်ကို မနည်းထိန်းထားရသည်။

ဘာတဲ့ ကြင်ယာတော် မျက်နှာတော်လေးက ဖူးယောင်လို့တဲ့၊ အဟက် မျက်နှာချေတွေ လိမ်းကျံထားတာမှန်း သိရင် ဘယ်လိုနေမလဲ။

လန်မင်းကြီး ကျသင့်ငွေကို ရှင်းခိုင်းပြီး ဆိုင်မှ ထွက်လာခဲ့သည်။ သူဒီလို လွတ်လပ်မှုကို မခံစားရတာ ဘယ်လောက်ကြာပြီလဲ။ မကြာခင် မီးထွန်းပွဲတော် ရောက်တော့မယ်။ ချစ်ရသူ နဲ့ တစ်ခါလောက်တော့ လည်ချင်မိပါရဲ့ .......

ကျိုးချန်  - ပျင်းတာကွာ။ အခုချိန် ငါ့ကို အိမ်ကလူတွေ လွမ်းနေကြမလား။ မားရော ငိုနေမလား။  ရှောင်လီ ငါ အမှတ်ဘယ်လောက်ရပြီလဲ

*အမှတ် ၁၅၀ ရနေပါပြီ*

ကျိုးချန် - အမှတ်ကလည်း တတ်ကို မတတ်လာဘူး။

*တတ်ချင်ရင် မဆဲနဲ့လေ Host ရယ် *

ကျိုးချန် - ဒီဆဲတာလေးပဲ လိုက်ပြောနေတာ ပျင်းတယ်ကွာ

ကန်ဘောင်ပေါ်မှာ ဖြဲကားပြီး ထိုင်နေသော ကြင်ယာတော်ကြောင့်

- ကြင်ယာတော် ပေါင်လေးကို ပြန်စိပါလား။ အိန္ဒြေလေး နဲ့ နေပါ ကြင်ယာတော်ရယ်။

ကျိုးချန် - ဟင်း

သက်ပြင်းတစ်ချက် ချကာ ပြင်ထိုင်လိုက်တော့မှ နို့ထိန်းမယ်တော်က ပြုံးတော်မူသွားသည်။

အပယ်ခံကြင်ယာတော် အား ကယ်တင်ခြင်း / အပယ်ခံကြင်ယာတော် အား ကယ်တင်ခြင်း { U / Z }Where stories live. Discover now