💔4💔 { U }

2.7K 250 2
                                    

#မင်း က ကိုယ်တော့် ကြင်ယာတော်

စုန့်မင်းကြီး ရဲ့ နန်းဆောင်းအတွင်း အကုန်ပြာယာခတ်နေသည်။

- ကြင်ယာတော်ကို ရအောင်ကယ်ကြ။ မဟုတ်ရင် မောင်မင်းတို့ အားလုံးကို ကိုယ်တော် သတ်ရလိမ့်မယ်။

သမားတော်တွေမှာ လည်း ကိုယ့်အရှင်ရဲ့ လူဖြစ်နေတာကြောင့် ကြိုးစားနေရတဲ့ ကြားထဲ စုန့်မင်းကြီး ရဲ့ စကားကြောင့် ပိုတောင်ချွေးပျံရသည်။

- အဆိပ်က အရမ်းမပြင်းလို့ တော်သေးတယ်။ ကျွန်တော်မျိုး အဆိပ်ဖြေဆေး ကြိုပြီး လာပို့ ပေးပါမယ်။

- ဒီနန်းဆောင်မှာပဲ ကြို၊ အသင်တို့ကို ကိုယ်တော် မယုံဘူး။ ထပ်ပြီး ကြင်ယာတော် ကို ဒုက္ခပေးရင် ဘယ်လိုလုပ်မလဲ။

- ကောင်းပါပြီ စုန့်မင်းကြီး ကျွန်တော်မျိုး ဒီမှာပဲ ဆေးကြိုလိုက်ပါမယ်။

စုန့်မင်းကြီး အဆောင်ရဲ့ ခပ်လှမ်းလှမ်းမှာ လူတစ်ယောက် ရပ်နေတာကို ဘယ်သူမှ မမြင်လိုက်

- မင်းကြီး ကြင်ယာတော် ကို သွားမခေါ်တော့ဘူးလား

ဟိုက်ခွမ်း - ကိုယ်တော် သွားခေါ်ခွင့်ရော ရှိရဲ့လား။ ဘာလို့ ဘာလို့ ကြင်ယာတော်က အဆိပ်ခတ်ရတာလဲ

- ကျွန်တော်မျိုးလည်း မသိပါဘူး မင်းကြီး

ဟိုက်ခွမ်း - ဒီကိစ္စကို ဖုံးထားပါ။ ဘယ်သူမှ မသိပါစေနဲ့။

- မင်းကြီး နှစ်နိုင်ငံ မဟုတ်ဘူး ၃နိုင်ငံတောင် စစ်ဖြစ်နိုင်တဲ့ အခြေအနေ

ဟိုက်ခွမ်း - ကြင်ယာတော်က ကိုယ်တော့်ကို မုန်းနေပြီ

- မဖြစ်နိုင်တာ

ဟိုက်ခွမ်း - ကြင်ယာတော် ပြောင်းလဲ သွားတာ မောင်မင်းအသိပဲလေ

ယောင်း ဘာမှ ပြန်မပြောတော့ပဲ ဆိတ်ဆိတ်နေလိုက်သည်။ အရင်က မင်းကြီး ဘာလုပ်လုပ် အပြုံးမပျက်သော ကြင်ယာတော်ဟာ အခုတော့ မင်းကြီးကို အန္တရာယ် တွင်းထဲ ပို့လွှတ်နေပြီ

ထွက်သွားသော အရှင်သခင်ရဲ့ ကျောပြင်ကို ကြည့်ကာ ယောင်း သက်ပြင်းချလိုက်သည်။
💔💔💔💔💔💔💔💔💔💔
ကျိုးချန် - ရေ..ရေ

အပယ်ခံကြင်ယာတော် အား ကယ်တင်ခြင်း / အပယ်ခံကြင်ယာတော် အား ကယ်တင်ခြင်း { U / Z }Where stories live. Discover now