💔3💔 { U }

2.9K 283 2
                                    

#အရှင်မင်းကြီး ရဲ့ မွေးနေ့ မင်္ဂလာ မှာ ကြင်ယာတော်ရဲ့ အထူးလက်ဆောင်

ဒီနေ့ လန်နန်းတွင်း တစ်ခုလုံး ရှုပ်ရှက်ခတ်နေသည်။ အကြောင်းမှာ မကြာခင် ကျရောက်တော့မဲ့ လန်မင်းကြီး ရဲ့ သက်တော် ၂၈ နှစ်ပြည့် မွေးနေ့မင်္ဂလာပွဲ အတွက် ပြင်ဆင်နေခြင်း ဖြစ်သည်။

နန်းတွင်းတစ်ခုလုံး အနီရောင် ပိတ်စများဖြင့် ရဲရဲနီနေသည်။ အိမ်နီးချင်းတိုင်းပြည်တွေမှ သံတမန်တွေရော မင်းညီမင်းသားတွေပါ လာရောက်ကာ မွေးနေ့ပွဲကို လာဂုဏ်ပြုသည်။

ထိုထဲတွင် စုန့်တိုင်းပြည်က မင်းကြီးစုန့်ထျန်းရန် လည်း ရောက်ရှိနေသည်။

- ကြင်ယာတော်အတွက် မင်းကြီးက အ၀တ်အစား လာပို့ခိုင်းလိုက်တာပါ။

ကျိုးချန် - အ၀တ်အစား ဘာအတွက်လဲ။

- မနက်ဖြန် မင်းကြီးရဲ့ မွေးနေ့မင်္ဂလာရက်မြတ်ပါ။ ကြင်ယာတော် ကို တတ်ရောက်ဖို့ အတွက် မင်းကြီးက ​မိန့်တော်မူထားပါတယ်။ ပြီးတော့ ဒီနေ့ ကြင်ယာတော် နန်းပြင် ထွက်ချင်လည်း ရပါတယ်လို့ မိန့်လိုက်ပါသေးတယ်။

ကျိုးချန် - နန်းပြင်!! ရီချန်း ကိုယ်တော် နဲ့ နန်းပြင်သွားမယ် လိုက်ပို့မှာလား

- အမိန့်တိုင်းပါ

ပြုံးပျော်နေသော ကြင်ယာတော်ကို ကြည့်ကာ အကွယ်နားက လူကလည်း နှုတ်ခမ်းထောင့်စွန်းလေးတွေ ကွေးတတ်တဲ့ အထိ ပြုံးသွားလေသည်။

ကြင်ယာတော် ရေချိုးဖို့ အတွက် ရီချန်း က အကုန်လုပ်ပေးရသည်။ အ၀တ်စား ၀တ်ကာက အစ ဆံထုံးထုံးတာလေးထိ

အစိမ်းနုရောင် ၀တ်စုံလေးကို ၀တ်ထားပြီး ဆံပင်ကိုလည်း တစ်၀က်စီးကာ ဖဲကြိုးအစိမ်းရင့်ရောင်လေးဖြင့် စည်းနှောင်ထားသည်။

ကျိုးချန် - ဘာလုပ်တာလဲ

မျက်နှာကို လာအပ်ပေးသော ဇာပဝါ အစိမ်းနုရောင်လေးကြောင့် မေးလိုက်တော့

- အပြင်သွားတိုင်း ကြင်ယာတော် ဇာပဝါအုပ်နေကြမို့ပါ။

ကျိုးချန် - အော် ပေးပေး ကိုယ်တော် ပဲ လုပ်လိုက်မယ်

အပယ်ခံကြင်ယာတော် အား ကယ်တင်ခြင်း / အပယ်ခံကြင်ယာတော် အား ကယ်တင်ခြင်း { U / Z }Where stories live. Discover now