💔8💔 { U }

1.8K 152 1
                                    

#ကွေ့ဖေး ကို ကြိုဆိုနေသော မသမာသူများ { 2 }

- ကွေ့ဖေး နေမကောင်းဘူးလား

ကျိုးချန် - ကောင်းပါတယ်။ ဒီရက်ပိုင်း ပင်ပန်းနေလို့ပါ။ အစ်ကိုတော်ရှောင် ဆီက ဘာမှ သတင်းမရသေးဘူးလား။

- အိမ်ရှေ့စံမင်းသား မကြာခင် ဒီကို ရောက်လာမှာပါ။

ကျိုးချန် - အင်း အ့!

- ကွေ့ဖေး ဘာဖြစ်တာပါလဲ

ကျိုးချန် - ဗိုက်...ဗိုက်နာတယ်။

ဗိုက် ကို ဖိနှိပ်ကာ လဲကျသွားသော ကွေ့ဖေးကြောင့် ရီချန်း တို့ ပြာယာခတ်သွားကြသည်။ မနက်ဆို ၃ရက်ပြည့်ပြီ။ ၃ရက်ပြည့်လို့မှ ဖြေဆေးမရရင် ကွေ့ဖေးကို ရွာသားတွေက ဒီအတိုင်းထားမည် မဟုတ်

ဒါပေမယ့် အခု ကွေ့ဖေးကပါ ဒီလိုဖြစ်သွားတော့ သူတို့ ရှောင်တိုင်းပြည်က မင်းသား အမြန်လာဖို့ကိုပဲ မျှော်လင့်မိသည်။

- ကွေ့ဖေး အဆိပ်မိသွားပါပြီ

- ကောင်းတယ်။ အဆိပ်မိပြီး တစ်ခါတည်းသေသွား နားအေးတယ်။ ကွေ့ဖေးသေတာနဲ့ ရွာသားတွေကို အဆိပ်ဖြေဆေး တိုက်လိုက်

- အမိန့်တိုင်းပါ အမတ်ချုပ်ကြီး

အမတ်ချုပ်ကြီးက ရွာသူကြီး လက်ထဲကို ဖြေဆေးထုပ်လေး ပေးခဲ့ပြီး ထွက်သွားခဲ့သည်။ 

အမတ်ချုပ်ကြီး ထွက်သွားတော့ ရွာသူကြီး သူအိမ်ထဲ ၀င်ဖို့ အလုပ် လည်ပင်းပေါ် ကျရောက်လာသော ဓားတစ်ချောင်း

- ကိုယ်....ကိုယ်ရံတော်ယောင်း!!

- ဖြေဆေးပေး

- ဘာ...ဘာဖြေဆေးလဲ

- ကျွန်တော်အကုန်ကြားပြီးပြီ၊  ဖြေဆေးပေးပါ။ မပေးရင်တော့ ခင်ဗျား သေရမယ်။

- အသက်ကို ချမ်းသာပေးပါ ပေးပါမယ်

လက်ထဲက ဖြေဆေးထုတ် ကို ရတာနဲ့ ယောင်းဟာ ရွာသူကြီး ဇာတ်ပိုးကို ဓားလက်ကိုင်ရိုးဖြင့်  ရိုက်ချလိုက်သည်။ သတိမေ့သွားသော ရွာသူကြီးကို ကြိုးနဲ တုပ်နှောင်ပြီး ကွေ့ဖေး ဆီ ပြန်လာခဲ့သည်။

အဟွတ်! ဝေါ့

- ကွေ့ဖေး!! သမားတော် ကွေ့ဖေး က ဘာလို့ သွေးတွေ အန်နေတာလဲ

အပယ်ခံကြင်ယာတော် အား ကယ်တင်ခြင်း / အပယ်ခံကြင်ယာတော် အား ကယ်တင်ခြင်း { U / Z }Where stories live. Discover now