💔9💔 { U }

1.8K 164 6
                                    

#အရှင်မင်းကြီး ပြောင်းလဲသွားပြီ

- မင်းကြီး ကွေ့ဖေး က တွေ့ခွင့်တောင်းနေပါတယ်။

ဟိုက်ခွမ်း - ကိုယ်တော် မတွေ့ချင်ဘူး ပြောလိုက်!

- ခ်ခ် မင်းကြီး ယားတယ်ကွာ

အထိန်းတော်ကြီးကို ပြန်ဖြေကြားပြီး မိဖုရားခေါင် အတင်းလိုက်လံ နမ်းရှိုက်တော့သည်။

အထိန်းတော်ကြီး အဆောင်ထဲက ပြန်ထွက်လာတော့ အဆောင်ပြင်ဘက်မှာ ရပ်နေသော

- ကွေ့ဖေး

ကျိုးချန် - ဒီနေ့လည်း ငြင်းလိုက်တာလား။

- မင်းကြီး အစီရင်ခံစာ တွေဖတ်

- အား! မင်းကြီး ဖြေးဖြေး! အင်း

အထိန်းတော်ကြီး စကားမဆုံးသေး အဆောင်တော်ထဲက ပျံ့လွင့်လာသော မိဖုရားခေါင်နဲ့ အသံကြောင့်

ကျိုးချန် - ကြည့်ရတာ မင်းကြီး မအားဘူး ထင်တယ်။ ဒါဆို ပြန်လိုက်ပါအုံးမယ်။

- ဖြေးဖြေးသွားပါ ကွေ့ဖေး

ကျောခိုင်းသွားသော ကွေ့ဖေး ကို ကြည့်ကာ အထိန်းတော်ကြီး သက်ပြင်းချလိုက်သည်။

အရှင်မင်းကြီး ဘာလို့ ကွေ့ဖေး ကို ရှောင်နေရတာလဲ။?????

ကြာပန်းတံခွန်သာ အဆောင်တော်ကို ပြန်ရောက်သောအခါ

ကျိုးချန် - အင့်

- ကွေ့ဖေး ဘာဖြစ်တာပါလဲ။ ဘယ်နား နာလို့လဲ

ကျိုးချန် - အီး ဟီး နို့ထိန်းမယ်တော်! သားတော် ဒီနားက နာတယ်

ဘယ်ဘက်ရင်အုံလေးပေါ် လက်လေးတင်ကာ ဆိုလာတော့ နို့ထိန်းမယ်မယ် နဲ့ အထိန်းတော်ကြီး လန့်သွားသည်။

- ကွေ့ဖေး!

ကျိုးချန် - မင်းကြီး မင်းကြီး က သားတော် ကို ဒီနေ့လည်း ထွက်မတွေ့ဘူး။ အီး ဟီး

နို့ထိန်းမယ်မယ် ရဲ့ ရင်ခွင်ထဲ တိုး၀င်ကာ ကွေ့ဖေးမှာ အော်ငိုတော့သည်။

ကွေ့ဖေးတို့ မင်္ဂလာဆောင်ပွဲပြီးတဲ့ အထိ မင်းကြီးဟာ ကွေ့ဖေး အဆောင်မှာတင် နေတယ်၊ စားတယ်၊ အိပ်တယ်။ လွန်ခဲ့တဲ့ ၂လကမှ မင်းကြီးဟာ ကွေ့ဖေး အဆောင်တော်ကို မလာသလို ကွေ့ဖေး သွားတွေ့ရင်လည်း အတွေ့မခံတော့ပေ

အပယ်ခံကြင်ယာတော် အား ကယ်တင်ခြင်း / အပယ်ခံကြင်ယာတော် အား ကယ်တင်ခြင်း { U / Z }Where stories live. Discover now